"ငါတို့မင်းကိုမပြောဘူးလား! အဲ့ကောင်လေး
ကိုဖမ်းခဲ့ပါဆို!! စောက်သုံးမကျတဲ့ကောင်တွေ
တောက်!!"တစ်ဦးဦး၏ တောက်ခေါက်သံမှာ အခန်းမှောင်
အတွင်းဟိန်းထွက်သွားလျက်...။"သခင် ကျွန်တော်တို့ကြိုးစားပါသေးတယ်
ဒါပေမဲ့ အဲ့ကောင်လေးက ပြန်တိုက်ခိုက်ပြီး
ထွက်ပြေးတော့သူ့ခြေထောက်ကို ကုတ်မိသွားပါတယ် ပြီးတော့
မျက်ခြေပြတ်ပြီးလွတ်သွားပါတယ်
ခွင့်လွှတ်ပါ သခင်"အခန်းမှောင်ထဲမှ ထိုင်ခုံတွင် ဟန်ပါပါ
ခြေချိတ်ထိုင်နေသော သူအား ဝံပုလွေကဲ့
သို့သော အမွှေးများဖြင့် သတ္တဝါတို့မှ
လျှောက်တင်ချက်ပေးနေသည်။
ထိုသူသည် ခွင့်လွှတ်ပါဟူသောစကား
ကိုဒေါသအလွန်ထွက်သွားသည်ထင်သည်။"မင်းတို့လို သခင်ခိုင်းတာမလုပ်တဲ့ခွေးတွေက
ဘယ်နေရာ ရောက်မယ်လို့ထင်လဲ"သခင်ဆိုဟူက ခပ်အေးအေးစကားဆိုသော်
လည်း သူတို့သွားရမည့်နေရာကိုသိနေသော
သတ္တဝါတို့အဖို့ ထိုစကားသံက တုန်လှုပ်ခြောက်
ခြားဖွယ်အတိ။"မှားသွားပါတယ် သခင်"
ထို သတ္တဝါများမှာ ကြမ်းပြင်တွင် ပြားပြား
ဝတ်နေအောင် ဦးချတောင်းပန်နေသော်ငှါး
ထိုသခင်ဆိုသူသည် နှလုံးသားမဲ့လှသည်။ထိုသူသည် သူ့လက်ဖြင့် အချက်ပြလိုက်
သည်နှင့် ထိုသတ္တဝါများထက် အင်အားကြီး
သော အကောင်များသည် အမှောင်ထဲမှထွက်
လာ၍ ထို သတ္တဝါတို့အား ဖမ်းခေါ်သွားတော့သည်။"ငရဲခန်းမှ ကြိုဆိုပါတယ် ဟားဟားဟားဟား"
⚫⚫⚫⚫⚫⚫⚪KILLER LOVER⚪⚫⚫⚫⚫⚫⚫
"ဒါနဲ့...Jimin ဒီဒဏ်ရာက ဘယ်လိုရခဲ့တာလဲ"
Hosoek မှ မေးလိုက်သည်။ သို့သော် Jimin
သည် ထိုအဖြစ်ကိုပြန်စဉ်းစားနေရင်း မျက်လုံး
ထဲတွင် ကြောက်ရွံ့စိတ်များပေါ်လာကာပါးစပ်
ပိတ်နေတော့သည်။
