မျက်လုံးပွင့်ပြီဟူသော အသိနှင့်အတူ
အဖြူရောင်မျက်နှာ ချက်ကိုလှမ်းမြင်လိုက်
ရသောကြောင့် Jimin သိလိုက်ပြီ။
ဒါသူ ဆေးရုံမှာဆိုတာ။တစ်ဖြေးဖြေးပြန်မြင်ယောင်လာမိသော
မှတ်ညဏ်တို့နှင့်အတူ လူကအနည်းငယ်
လန့်သွားမိသည်။ဒီလို အခြေအနေကို မသေပဲကျော်ဖြတ်
လာတာလား။မနေ့ညမှအဖြစ်အပျက်အား ပြန်တွေးနေ
ရင်း Yoongi ကိုပြန်မြင်ယောင်လာမိသည်။
ပုံမှန်မဟုတ်သော Smirk တို့တည်ရှိနေသော
မျက်နှာသည်ရိုးရှင်းလှပြီး အနည်းငယ်မှေးနေသော
မျက်ဝန်းတို့နှင့် ကြည့်ကောင်းလှသည်။ချေသားပဲ...ဟိ။
အာ...ငါ့ကိုသတ်ဖို့လုပ်တဲ့သူတစ်ယောက်ကို
သဘောကျနေတာလား။
Sh*t!!
မဖြစ်သင့်တာ!!ကိုယ့်အဖြစ်ကိုယ်တွေးမိရင်း ရုတ်တရက်
ဆတ်ကနဲထလိုက်တော့မှ ဝမ်းဗိုက်မှ တစ်ဟုန်
ထိုးအောင့်လာတော့သည်။
ဟုတ်သားပဲ။ ချုပ်ရိုးရှိသေးတာပဲ။အနည်းချင်းဆီ ကုတင်နောက်ကို ခေါင်းအုံး
ခုထားကာမှီ၍ ပြန်မှေးနေလိုက်တော့သည်။တအောင့်ကြာသော် ကျွီကနဲပွင့်လာသော
ဆေးရုံအခန်းတံခါးသံနှင့်အတူ မျက်လုံးတို့
ချက်ချင်းပွင့်လာကာ ခေါင်းထောင်ကြည့်မိတော့
လက်ထဲမှ အထုပ်တေနှင့် ဝင်လာသော
တီလေး။"ဟင်..တီလေးဘယ်လိုရောက်..."
"Minnie လေး...နားလိုက်ပါအုန်း...
စကားတွေသိပ်မပြောနဲ့၊ တီလေးက
ဆေးရုံက မနေ့ညက ဖုန်းဆက်လို့
ညလုံးပေါက် ကားစီးလာရတာ..
သူတို့ပြောတာတော့ Minnie ရဲ့
ဖုန်းစာအုပ်ထဲကရှာတွေ့တာတဲ့...
အာ့နဲ့ စိတ်ပူလို့လိုက်လာခဲ့တာ..
ဓားနဲ့အထိုးခံရတဲ့အထိတောင်ဆို
Minnie ဘာများ ပြသနာရှာထားသေး
လို့လဲကွယ်""ဘာမှမဟုတ်ပါဘူး တီလေးရဲ့..သူခိုးဝင်တာပါ"
ခေါင်အုံးပေါ်သို့ပြန်မှီ၍ မျက်စိမှိတ်ကာ
ပြန်ဖြေလိုက်သည်။