Chapter(3)

497 78 19
                                    

နိုးလာခဲ့​သည်​။ ​ကြောက်​စိတ်​များကြီးဆိုး​သော
ညကအဖြစ်​အပျက်များကိုပြန်​၍ပင်​မ​တွေးချင်​​တော့ပါ။ ​ခြောက်​ခြားဖွယ်​ညအား ဖြတ်​သန်း
ခဲ့ရပြီး​နောက်​ အာရုဏ်​တက်​ချိန်​သို့ပင်​​ရောက်
ခဲ့ရပြီ။

မျက်​လုံးနှစ်​လုံးပွင့်​ပွင့်​ချင်း Jimin​တွေးမိသည်​က
သူအသက်​ရှိ​သေးသည်​ဆိုတာကိုပင်​။
ဘယ်​​လောက်​ထိလန့်​မှန်းမသိ၊ နှဖူးထိပ်​မှာပင်
ချွေးသီး​လေးများတွဲခို​နေရ​လေပြီ။

"​နေပါအုန်း..."

သိပ်​ကို​ကြောက်​တတ်​​နေ​သော သူကိုယ်​သူ
ပြန်​ဆင်​ခြင်​မိသည်​။ Jimin သည်​အခါတိုင်း
ဆိုလျှင်​ Paranormal ​တွေကို​ကြောက်​ဖို့မ​ပြောနှင့်
ရှိသည်​ဆိုတာကိုပင်​ မယုံကြည်​သူဖြစ်​ရာ
အခုကြမှ အဘယ့်​​ကြောင့်​ Yoongi ကို
ကြောက်​​နေမိတာပါလဲ။

ဟက်​...​ကြောက်​တတ်​​နေလိုက်​တာ
Park Jimin မဟုတ်​တာကြ​နေတာပဲ။

ကြောက်​စိတ်​လွန်​​နေ​သော သူကိုယ်​သူ
ပြန်​ကဲ့ရဲ့လိုက်​မိသည်​။ ခပ်​ဟဟတစ်​ချက်​ရယ်​ကာ
ဒီအရာအားလုံးအားသူ့စိတ်​ထဲကဖြစ်​တာသက်​သက်​ဟုသာ​တွေးရင်း ​ကျောင်းသွားရန်​အတွက်​ပြင်
ဆင်​ရန်​ ​ရေချိုးခန်းထဲသို့ ဝင်​သွား​တော့သည်​။

ရေချိုးခန်းထဲအ​ရောက်​ Jimin ၏မျက်​ဝန်း
များပြူးကျယ်​သွား​တော့သည်​။

"ဟင်​....ဒါ...ဒါ..."

မျက်​နှာသစ်​​ဘေစင်​​ရှိ မှန်​ငယ်​၌ ​သွေးဖြင့်
ရေးထား​သော စာအချို့ကို​တွေ့၍ Jimin
ခြောက်​ခြားသွားသလို စာသား​ကြောင့်​လဲ
တုန်​လှုပ်​သွားခဲ့သည်​​။

ထိုမှန်​​ပေါ်တွင်​​ရေးထား​သောစာမှာ...


Go To Sleep~~


အိပ်​စက်​ရန်​​ပြော​နေ​သော စာတစ်​​ကြောင်းထဲတွင်
အဓိပ္ပါယ်​များစွာသက်​​ရောက်​​နေသည်​။
ထိုစကားကိုလိုက်​နာမိလျှင်​ တစ်​သက်​လုံးပြန်
ထခွင့်​လဲရချင်​မှရ​တော့မည်​။
ထာဝရအိပ်​စက်​ရန်​​အမိန့်​​ပေး​နေ​သော
စာဟူ၍လဲမမှားပါ။

Killer Lover\\YMWhere stories live. Discover now