"ဒီမှာ ဘာလုပ်နေတာလဲ mochi~~
ညရောက်နေပြီလေ အိပ်သင့်ပြီမထင်ဘူးလား"ခပ်အေးအေး စကားသံအဆုံးဆွဲလှည့်ခြင်း
ခံလိုက်ရပြီးနောက် တွေ့လိုက်ရသောသူ။ခပ်မှေးမှေးမျက်လုံးများရှိသောမျက်နှာနှင့်
နှခေါင်းနှင့် ပါးတို့တွင် ဒဏ်ရာအချို့။
ပါးလွှာသော နုတ်ခမ်းတို့က အနည်းငယ်
ခပ်ပြုံးပြုံးလုပ်နေသည်။အနည်းငယ် ပွယောင်းနေသော အညိုရောင်
ဆံပင်နှင့် ဖြူဖွေးနေသော အသားအရည်ကလိုက်
ဖက်စွာ။အဖြူရောင် Hoodie တို့ပေါ်တွင်ပေကျံ
နေသော လတ်ဆတ်သည့် သွေးအချို့နှင့်
အတူ သွေးချောင်းစီးနေသော သူ့လက်ထဲရှိ
ဓား ကိုမြင်တော့ Jimin အလွန်ကြောက်
နေမိသည်။ သူသိလိုက်ပြီ...ဒီလူသည် Yoongi ဖြစ်သည်။
ကာတွန်းပုံတွေထဲတွင်ပါသောပုံနှင့်
အလွန်တူနေသောကြောင့် သူသိလိုက်ရသည်။
သိလိုက်ရသည်နှင့်အတူ Jimin စိတ်ထဲတွင်
စိုးရွံ့စိတ်များကြီးစိုးလာတော့သည်။သူမသတ်ခင်မှာပင် အလန့်လွန်၍ အသက်
ထွက်သွားနိုင်ခြေကပိုများနေသည်။ထို့နောက်သူ Jimin အား ဂုတ်မှဆွဲကာ
မီးဖိုချောင်ထဲသို့ပစ်တွန်းလိုက်သည်။
လဲကျသွားသည်နှင့်အတူ လက်ခေါက်နှင့်
ထမင်းစား စားပွဲနှင့်တိုက်မိသွားသောကြောင့်
အင့်ခနဲ့အသံလေးထွက်လာသည်။ကြမ်းပြင်တွင် ပြန်ကုန်းထိုင်လိုက်ကာ
နာသွားသော ဘက်ကောက်ဝတ်ကိုပွတ်နေရင်း။"ဘာလို့လဲ..."
Jimin စိုးရွံစွာ မျက်ရည်တို့ဝဲနေလျှက်
တုန်ရီနေသော အသံဖြင့် မေးလိုက်သည်။
လက်ညိုးတို့ကိုနုတ်ခမ်းပေါ်တင်ကာ။"Shuu....Go To Sleep"
Yoongi ၏ စကားသံပြီးနောက် သူ၏
လက်ထဲရှိ ခပ်ပါးပါးဓားသွားတို့မှာ
Jimin ၏ တီရှပ်ပါးကိုကျော်ဖြတ်၍
ဝမ်းဗိုက်သားသို့ရှပ်ထိနေလေပြီ။