Chapter(8)

460 87 18
                                    

Saturday [3:45pm]

ဒီ​နေ့သည်​ စ​နေ​နေ့ဖြစ်​သည်​။ Jimin ၏
Extra Hard Studying Day ဟုသတ်​မှတ်
ထား​သော​နေ့။ Jimin သည်​ စ​နေ​နေ့တိုင်း
တစ်​ပတ်​လုံးစာများကို​သေချာပြန်​လုပ်
သည်​။

သို့​သော်​လည်း သူ​ကျောင်းမတက်​​သော​ကြောင့်
ဟိုအရင်​မှစာများကိုသာ Exam အတွက်
ပြန်​​နွေးဖတ်​​နေ​တော့သည်​။

အခန်းထဲမှ မိတ်​ကပ်​ဘူးကြီးလိမ်းလျက်​နှင့်
ပြာတိပြာယာထွက်​လာ​သော တီ​လေး။
ပုံစုံအရ​တော့ အလုပ်​​နောက်​ကျလို့ထင်​သည်​။

ဟင်​ တီ​​လေးဘာ​တေ​လော​နေတာပါလိမ့်​။
ဒီ​နေ့ ​စ​နေ​နေ့ကြီးမလား။

ဆိုဖာမှ စာဖတ်​ရင်း တီ​လေးကိုလိုက်​ကြည့်​မိကာ
Jimin ​လဲ​တွေးမိသည်​။

"Minnie ​ရေ~! တီ​လေးအလုပ်​ကိစ္စနဲ့ Daegu
ကိုသွားစရာရှိလို့..မနက်​ဖြန်​​လောက်​မှပြန်​​ရောက်​မယ်​..Arjuma တို့နဲ့​နေခဲ့​နော်​"

ဧည့်​ခန်းထဲရှိ ဆိုဖာတွင်​ထိုင်​ကာ စာဖတ်​​နေ​သော
Jimin ကို တီ​လေးမှ ပြင်​ဆင်​ကာထွက်​လာရင်း
ပိုက်​ဆံအိတ်​ကြီးတစ်​ဖက်​တွင်​ လွယ်​လျက်​ ဖိနပ်​စီးလျှက်​လှမ်း​ပြော​နေ​တော့သည်​။

ဒါ့​ကြောင့်​ကိုး...။

"ဟုတ်​ တီ​လေး စိတ်​မပူပါနဲ့"

"တီ​လေးစိတ်​ချမယ်​​နော်​"

"ဟုတ်​ စိတ်​ချ စိတ်​ချ"

"သွားပြီ Minnie ​ရေ~"

တံခါးဖွင့်​ကာထွက်​သွားပြီး အ​လောသုံးဆယ်
ကား​မောင်းထွက်​သွားလျက်​။

Jimin က​တော့ တီ​လေးထွက်​သွားပြီး​နောက်
စာကိုသာပြန်​ အာရုံစိုက်​ဖတ်​​နေလိုက်​သည်​။

🌌🌌🌌🌌🌌🌌🌌🌌
🏠🏠🏠🏠🌄🏡🏡🏡

စာထဲသို့အလွန်​အာရုံ​ရောက်​သွား​သော​ကြောင့်
နေဝင်​ချိန်​​ရောက်​သွားသည်​ကိုပင်​ သူမသိလိုက်​။
စာအုပ်​အား အ​ရှေ့စားပွဲ​ပေါ်တွင်​ တင်​လိုက်​ကာ
ကိုက်​လာ​သော မျက်​ရိုးများအားနှိပ်​၍ အ​ကြော​လျှော့​နေလိုက်​သည်​။
ပင်​ပန်းသွား​သော​ကြောင့်​ အစာအိမ်​မှလဲ
ဆန္ဒပြ​နေ​​လေပြီ။

Killer Lover\\YMWhere stories live. Discover now