Chapter(1)

1K 84 28
                                    

နေ့တစ်​​နေ့ရဲ့ အစပြိုးချိန်​ဖြစ်​​သော
မနက်​ခင်းတွင်​ နှိုးစက်​၏ ​စော်​သြသံ
ကြောင့်​ ​စောင်​ပုံထဲမှနိုးထလာ​သော
ကောင်​​လေးတစ်​ဦး။

ပြတင်း​ပေါက်​မှဖျာကျ​နေ​သော
နေ​ရောင်​တို့​ကြောင့်​ ​ကောင်​​လေး၏
အညို​ရောင်​ဆံပင်​တို့မှာ​တောက်​ပလျှက်​။
ပါး​ဖောင်း​ဖောင်း​မျက်​နှာ​လေး​ပေါ်မှ
ခပ်​ဖူးဖူးနုတ်​ခမ်း​လေးက သိပ်​ကို
ချယ်​လှယ်​ချင်​စရာ​ကောင်း​နေလှသည်​။

အိပ်​ရာမှချက်​ချင်းမထ​သေးပဲ
နှိုးစက်​အား မမှီတမှီလှမ်းပိတ်​ကာ
မျက်​လုံးနှစ်​ဖက်​အား လက်​ဖြင့်​ပွပ်​သပ်
နေ​တော့သည်​။

"ကျစ်​..."

စိတ်​အား​ပျက်​သွာ စုပ်​သပ်​ရင်း
ညအိပ်​ဝတ်​စုံဖြင့်​ ​သူ့အခန်းထဲရှိ
ရေချိုးခန်းထဲသို့ဝင်​သွား​တော့သည်​။

သွားတိုက်​​မျက်​နှာသစ်​ ​ရေချိုးကာ
ပြင်​ဆင်​ပြီး​နောက်​ သူ့ဖုန်းသံကတတင်​တင်
မည်​လာ​သော​ကြောင့်​ ​ကောက်​ကြည့်​မိရာ
Tae Tae ဟူ​သော contact ​ကြောင့်
ပြုံးမိသည်​။

*Hello~~Jimin ​ရေ ဒီ​နေ့​ကျောင်းလာမှာလား*

"အင်း လာ​ရမှာ​ပေါ့..မလာလို့ရမလား..
ဟိုဘွား​တော်​​အော်​မှာ​ပေါ့"

*ဒါဆိုလဲ Bye*

*တီ~~*

ပြောချက်​ရာ​ပြောကာ ချသွား​သော
မျောက်​အား လွှတ်​သာထားလိုက်​​တော့မည်​။

Lazy ​ခြေလှမ်းများဖြင့်​ Jimin တစ်​​ယောက်
ကျောင်းကို သူ့ကား​လေးဖြင့်​သာ​မောင်းသွား​တော့သည်​။

Jimin မှာ အ​ဖေအ​မေ မရှိ​တော့ပါ။
သူ့အ​ဒေါ်မှ တစ်​လကို လုံလုံ​လောက်​​လောက်
သုံးနိုင်​​အောင်​ ပိုက်​ဆံပို့​ပေး​သော​ကြောင့်
လွတ်​လွတ်​လပ်​လပ်​ပင်​​နေသည်​။

သို့​သော်​ Jimin သည်​ ပိုက်​ဆံရှိတိုင်း
ဆိုး​သော ​ကျောင်းသားထဲမှာ​တော့မပါပါ။
လူအများနှင့်​လိုက်​​ရောညီ​ထွေ​နေတတ်​သည်​။
သို့​သော်​လည်း မဟုတ်​မခံအကျင့်​​လေး​ကြောင့်
ခဏခဏ ရန်​ဖြစ်​တတ်​သည်​။

Killer Lover\\YMWhere stories live. Discover now