"F*ck ပဲ!! ဘယ်လိုတွေဖြစ်နေတာလဲမသိဘူး"
စောင့်ကြည့်ခံရသလိုခံစားချက်မျိုးခဏခဏ
ခံစားနေရ၍ ကိုယ့်ကိုယ်ကိုတောင် ရူးနေပြီလား
ဟု သံသယဝင်မိသည်။စိတ်အလိုမကျစွာ ဆဲရေးလိုက်ရင်း အကုန်လုံးကို
ဂရုမစိုက်စွာ အတန်းထဲတွင် မှောက်အိပ်နေလိုက်သည်။ အားလပ်ချိန်မို့ sam လဲ အတန်းထဲမလာသေးပေ။ကိုယ်စီ စကားပြော လေပန်းနေကြသော
ကျောင်းသူကျောင်းသားများဖြင့်သာအတန်းက
ဆူညံ့လျှက်ရှိသည်။"Jimin.....တကယ်ရော အဆင်ပြေရဲ့လား..
ခုဏကလဲ အလကားနေရင်းထဆဲနေတယ်"Taehyung ကဘေးမှ ဆူပုတ်ပုတ်လေးပြော
လာလေတော့ Jimin မှောက်ထားရင်းပင်
ခပ်ဖွဖွရယ်မိသည်။
အခုချိန် သူ့မျက်နှာ ဘယ်လိုဖြစ်နေမလဲ
ဆိုတာကို မမြင်သော်လည်းကြိုသိနေလို့ပင်။"ငါအိပ်ရေးပျက်ထားလို့ပါ.."
"ထင်တော့ထင်သား..အခါတိုင်းဆို လန်းဆန်းတက်ကြွနေတဲ့ အကျိက ဒီနေ့ လဒမှိုင်မှိုင်နေတယ်ဆိုကထဲက တစ်ခုခုဖြစ်နေလို့ပဲဆိုတာ"
ထိုစကားကြောင့် Jimin ပြုံးရပြန်သည်။
ကမ်ထယ်မျောက်ဟူသော လူသားမှာ
သူ့ကို ခဏခဏ ပြုံးရယ်အောင် လုပ်ပေးနိုင်သည်။
အဖွဲ့ထဲတွင် Tae ကသူ့၏ BFF ပင်။
ငယ်ငယ်ကထဲက ပေါင်းလာကြသူများ
ဖြစ်ကြသည်။
JunGi နှင့် Hallen တို့ကို အခုတက္ကသိုလ်
ရောက်မှတွေ့သည်။
သူတို့နှစ်ယောက်ကတော့ Jimin တို့နှင့်
အတန်းမတူပါ။
ဒါ့ကြောင့် နည်းနည်းအနေဝေးနေကြသည်။"Jimin ဒါနဲ့လေ မင်းဆီမှာထူးဆန်းတာတွေ
ဖြစ်လား""ဟင် ဘာကိုဆိုလိုချင်တာလဲ"
"ဥပမာဟာ အသံတွေကြားတာတို့ ကိုယ်မလုပ်ပဲ
ဖြစ်နေတာတို့လေ အဲလိုမျိုး""မဖြစ်ပါဝူး wae?"
လိမ်လိုက်သည်။ Jimin ကအခု သူ့မာနကိုသာ
ကြည့်နေတော့သည်။ သူ့ဘဝအတွက်ကို
သူမတွေးမိသေးပေ။ ဒီလိုလိမ်လည်မှုတွေကြောင့်
ပဲ နှစ်ဦးဆုံရန် ကံကြမ္မာဖြစ်လာခဲ့သည်။