အစိမ်းသက်သက် နေရာတစ်ခု။
အခန်းကျယ်တစ်ခုဆိုလျှင်ပိုမှန်မည်။
မျက်လုံးပွင့်ပွင့်ချင်းပင် မျက်စိကစားကာလိုက်
ကြည့်နေမိသည်။သူအခုအိပ်နေသော နေရာသည် နှစ်ယောက်
အိပ် မွေ့ယာအဖြူကြီးပေါ်တွင် ဂွမ်းဆောင်ကြီး
ခြုံလျက်။ အခန်းတွင်း စိတ္တဇဆန်သော ပန်းချီ
ကား နှစ်ချပ်က အဝင်ဝတွင်နေရာယူထားသည်။ကုတင်၏ မလှမ်းမကမ်းတွင်ရှိသော
ပြုတင်းပေါက်မှာတော့ လိုက်ကာအစိမ်းနုနု
တို့ချထားကာ ပိတ်ထားသည်။
ရေချိုးခန်း အိမ်သာတို့ကတော့ အဝတ်ဗီရို
မတိုင်မီတခါးပေါက်လေးဖြစ်မည်ထင်သည်။
အခန်းကတော့ အလွန်သန့်ပြန့်နေသည်။Jimin အခုရောက်နေသည်မှာ ဘယ်နေရာလဲ
ဆိုတာကိုသေချာမသိပါ။
စောင်ပုံထဲကနေသာ တစ်ကိုယ်လုံးကို
ဖွက်ထားလျက် အသံမထွက် ဘာမထွက်
ငြိမ်သက်စွာနေနေတော့သည်။*ကျွီ~*(အခန်းတံခါးဖွင့်သံ)
Jimin ကိုယ်လေးမှာ စောင်ပုံထဲ ပို၍ပင်
တိုး၍ ဝင်သွားတော့သည်။
သေချာကြည့်တော့မှ အခန်းထဲဝင်လာသူ
မှာ ရုပ်ဖြောင့်ဖြောင့် အပြုံးချိုချိုနှင့်လူတစ်ယောက်။
သူ့ပုံက Yoongi လိုမဟုတ်ပဲ သာမာန်လူ
ပုံဖြစ်သည်။"Yoongi ကိုခေါ်တဲ့ တစ်ယောက်မလား"
စောင်ပုံထဲမှမျက်နှာဖွက်ထားရင်း ခေါင်းကို
ငြိမ့်ပြလိုက်တော့ ထိုလူကပြုံးကာ သူ့
ကုတင်ဘေးဝင်ထိုင်ရင်း စကားဆက်သည်။"မင်းက ကံကောင်းတာပဲ~တော်ရုံဆို
သူကသတ်ပြစ်လိုက်ပြီ""ဘာလို့လဲ"
Jimin ဒီတစ်ခါတော့ အရဲစွန့်ကာမေးကြည့်လိုက်
သည်။ သူ Yoongi အကြောင်းကို သိချင်မိ
သည်မို့။"ပုံမှန်ဆိုသူ့ခေါင်းထဲမှာ လူသတ်ဖို့လောက်ပဲရှိတာ..သူ့ကို လာရှုပ်တာဆိုရင်လဲ
အရမ်းမုန်းတာ~မင်းကသူ့အတွက်ထူးခြား
နေလို့ပေါ့"