"ခင်ဗျားကိုမုန်းတယ်!"
"ဘာ!?"
Yoongi ချက်ချင်းပင် Jimin ရှိရာသို့ပြန်
လှည့်လာကာ မျက်ဝန်းထဲတွင် ဒေါသ
ရိပ်များလွှမ်းမိုးနေသည်။"ဘာကိစ္စနဲ့မုန်းရတာလဲ ပြောပါအုန်း!"
Yoongi မှာ သက်ညာမှုအလျင်းပင် မရှိဘဲ
Jimin ၏ အင်္ကျီအစကိုဆောင့်ဆောင့်ဆွဲ
ကာ မေးနေပုံမှာ Yoongi စိတ်အခြေအနေ
တစ်ခုခုမှာ မမှန်တော့မှန်းသိသာနေသည်။"မသိဘူး..ခင်ဗျားကိုမြင်တာနဲ့ကိုမုန်းမိတာ"
"*တောက်!*မင်းလိုကောင်ကများ
ရာရာစစ...လူတွေက တကယ်မကောင်းတာပဲ!"ထို့နောက် Jimin ကိုဆွဲထားသော အင်္ကျီစမှ
ကိုင်ကာ ပစ်တွန်းလိုက်သောကြောင့် Jimin
ကြောမှာ အနောက်ဘက်ရှိ သစ်ပင်နှင့်ပင်
သွားစောင့်မိတော့သည်။"*င်ရှည်တဲ့လူကတော့ ဒီမှာနေခဲ့ပေါ့"
Yoongi သည် Jimin အား လျစ်လျူရှုကာ
လှည့်ထွက်သွားပြီးနောက် သူ
၏ ကျောပင်သည် လမ်းလျှောက်နေရင်းမှ
တစ်ဖြေးဖြေးပျောက်ကွယ်သွားတော့သည်။Jimin မှာ အမှီပြေးလိုက်သော်လည်း Yoongi
ကိုမမှီတော့ပါ။ သူထားသွားသည်ကအကြောင်း
မဟုတ် သားရဲများပေါသည့် ဤတောအုပ်ထဲတွင် အိမ်လဲပြန်လို့မရပဲ အစာငတ်သေသည့်အပြင်
ကိုယ်ကပါ သူများအစာဖြစ်မည့်ကိန်းရှိသည်။"အား!! မသိဘူး မုန်းတယ်!!!"
Jimin ၏ စိတ်ရှုပ်စွာ အော်သံမှာ တော
အုက်ထဲတွင်ပဲ့တင်သံထပ်လျက်...။\\\\KILLER LOVER////
Yoongi သည် mansion သို့ပြန်လာခဲ့သည်။
အပြန်တွင် Jimin ပါမလာသည်ကို Hoseok
မှသတိထားမိသည်။ Hoseok စိတ်ထဲမကျေ
နပ်မိပါ။ ဘာ့ကြောင့်များ ရိုးသားဖြူစင်
တဲ့ကလေးတစ်ယောက်ကို ညနက်ကြီး
တောအုပ်ထဲသွားပစ်ထားလဲမသိ။"Yoongi! Jimin ဘယ်မှာလဲ"
Yoongi ၏ နဂိုကမှ တွန့်ချိုးလာသောမျက်
ခုံးများမှာ Hoseok ၏ အမေးကြောင့်
ပို၍ပင်တွန့်ကာ မျက်ခုံးနှခုထိလုနီးပါးပင်
ဖြစ်သွားရသည်။
