"မင်း သူ့ကို ကွာရှင်းလိုက်တော့ ဟွန်း"
ကျောင်းရဲ့ နားနေဆောင် အခန်းထဲမှာ Laptop တစ်လုံးနဲ့ အလုပ်ရှူပ်နေတဲ့ ကျနော့်ကို သူငယ်ချင်းဖြစ်သူ ကင်ဂျုံအင်းက အအေးတစ်ခွက်လာချပေးပြီး ပြောသည်။
"ငါမှ မပြတ်နိုင်တာ... "
သူနဲ့ ကွာရှင်းပြီးမှ အသည်းတွေ ပိုးစိုးပက်စက်ကွဲတဲ့ဒဏ်ကို ခံနိုင်လောက်တဲ့အထိ အင်အားမျိုး ကျနော် အိုဆယ်ဟွန်းဆီမှာမှ ရှိမနေခဲ့ပဲ...။
ဂျုံအင်းချပေးတဲ့ အအေးကို တစ်ငုံယူသောက်ပြီး လုပ်လက်စ programကိုသာ အာရုံစိုက်ပြီး ရေးဆွဲနေလိုက်သည်။
"ဟွန်း... ခေါင်းမမာချင်စမ်းပါနဲ့ကွာ..."
ဒါက ခေါင်းမာတာမှ မဟုတ်တာ ....
"ခေါင်းမာတာ မဟုတ်ဘူး... ချစ်တာ..."
ဟုတ်တယ်....ကျနော်က အစ်ကို့ကို အရမ်းချစ်တာ... ။
အရမ်းချစ်လို့လည်း ဒီနေ့အထိ အစ်ကို့ရဲ့ ဘယ်အပြုအမူမျိုးကိုမှ အပြစ်မတင်ရက်ခဲ့တာ...။
ကျနော့်မိသားစုကစလို့ နောက်ဆုံး သူငယ်ချင်းဖြစ်သူ ဂျုံအင်းအထိ ကျနော်နဲ့ပတ်သက်လာရင် အစ်ကို့ အပြုအမူတွေက ရက်စက်လွန်းလို့ နောက်ဆုတ်လိုက်ဖို့ အတန်တန်သတိ ပေးကြလည်း ဘယ်လိုမှ လက်မခံခဲ့တာ အစ်ကို့ကို အဆုံးရှူံး မခံနိုင်လောက်အောင် မြတ်နိုးလွန်းလို့ပါ...။
"ဘယ်အရာနေနေ အသွားအပြန် ရှိဦးမှလေ... မင်းပဲချစ်နေလို့ ရမလား... ဘယ်သူမှ အတင်းရိုက်ပြီး ပေးစားထားတာလည်း မဟုတ်ဘူး... ချစ်လို့ ယူထားကြတာဆိုပြီး သူများအိမ်ရဲ့ အဖိုးတန်သားကို ခိုင်းစားနေတာ မင်းလူကြီးက လွန်နေပြီ"
ငယ်ငယ်တည်းက ကင်ဂျုံအင်းဆိုတာ ကျနော်နဲ့ပတ်သက်ရင် အသေးစိတ်ကအစ sensitive ဖြစ်လွန်းတဲ့ သူဆိုတော့ အစ်ကိုနဲ့ ပတ်သက်ရင် ကျနော်က ဘာမဖြစ်ပေမယ့် သူကတော့ ကျနော့်ဘက်က ဆတ်ဆတ်ခါအောင် နာတတ်သည်။
"အစ်ကိုက ငါ့ကို ခိုင်းစားနေတာ မဟုတ်ပါဘူးကွာ... ဘာပဲပြောပြော ငါက လူလွတ်မှ မဟုတ်တာ... အိမ်မှာ ဘာမလုပ်ခဲ့ရလဲ အစ်ကို့ ကို လက်ထပ်ပြီးမှတော့ ငါက အိမ်ထောင်သည်ပဲဟာ အိမ်မှူကိစ္စတွေ လုပ်ပေးရတာ မဆန်းပါဘူး..."
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...