20(Final)

5.4K 303 43
                                    

အစ်ကိုက ကျနော့်ဘဝမှာ ဘယ်အရာနဲ့မှ အစားထိုးလို့မရအောင် အမြစ်တွယ်နေတဲ့ လူတစ်ယောက်ပါ...။ အစ်ကိုနှင့် မတွေ့ခင်က ကျနော် အချစ်ဆိုတာ ဘာလဲ မသိခဲ့သလို လူတစ်ယောက်ကို တယုတယ ဘယ်လိုချစ်ပြရမှန်း မသိခဲ့ပါဘူး..။ အစ်ကိုနဲ့ မထင်မှတ်ဘဲ တွေ့ဆုံခွင့် ရခဲ့တယ်...။ ချစ်ခြင်းမေတ္တာတရားက ဘယ်လောက်တောင် အရေးပါမှန်း အစ်ကို့ကြောင့် ကောင်းကောင်း နားလည်လာခဲ့တယ်...။ အရင်က ကျနော့်ကို တစ်ဖက်သတ် ချစ်ခဲ့ဖူးတဲ့ လူပေါင်းများစွာရဲ့ အချစ်တွေကို သရော်ခဲ့ဖူးတယ်...။ တစ်ကယ်တမ်း ကျနော်ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရတော့ ကိုယ်ချင်းစာတတ်သွားတယ်ပြောရမလား အရင်လို သူတို့ကို အထင်မသေးတတ်တော့ဘူး...။ ကျနော့်ကို ရည်ရွယ်ပြီးပေးတဲ့ လက်ဆောင်လေးတွေကို တန်ဖိုးထားရကောင်းမှန်းသိလာတယ်...။ လူတစ်ယောက်ရဲ့ ခံစားချက်တွေဟာ သူ့အသက်ရှင်ရပ်တည်နေရခြင်း အကြောင်းရင်းတွေထဲမှာ အဓိကကျတဲ့ကဏ္ဍတစ်ခုအဖြစ် ပါဝင်နေကြောင်း အသိမှတ်ပြုတတ်လာတယ်...။ လူတွေဟာ အချစ်ကြောင့် ဒီလိုပဲ ပြောင်းလဲလာတတ်ကြသလား...။ ကျနော့်ရဲ့ ပြောင်းလဲမှူကြီးကတော့ ကျနော်ကိုယ်တိုင် လက်ခံရခက်ခက်ပါပဲ...။

အစ်ကိုမှန်ပါတယ်....

ကျနော်က အစ်ကို့ရဲ့ ခွင့်လွှတ်မှူတွေ မခံယူထိုက်တဲ့ကောင်ပါ

ကျနော်က အစ်ကို့ကို လွမ်းမနေသင့်တော့တဲ့ကောင်ပါ

ကျနော်က အစ်ကို လာတွေ့ဖို့ မထိုက်တန်တော့တဲ့ကောင်ပါ

နောက်ဆုံးအနေနဲ့ အစ်ကို့မျက်နှာလေးကို တကယ် မြင်သွားမိချင်လည်း ...ဒီထက်ပိုပြီးတော့ မဖြစ်နိုင်တာကို မတမ်းတတော့ပါဘူး... အစ်ကို...။

တွဲလက်တွေကို စဖြုတ်ခဲ့သူက အစ်ကိုမဟုတ်ပဲ ကျနော်ကိုယ်တိုင်ပဲလေ...။

တဖြည်းဖြည်း ဆယ်ဟွန်းခန္ဓာကိုယ်လေးက ငြိမ်ကျသွားတယ်...

အသက်ရှူသံတိုးတိုးလေးလည်း မကြားရတော့သလို...

တစ်ချိန်လုံး တံခါးဆီကို မျက်တောင်မခတ် ကြည့်နေခဲ့တဲ့ မှိန်ဖျော့ဖျော့ မျက်ဝန်းတစ်စုံဟာ အခုတော့ မျှော်လင့်ချက် ကုန်ဆုံးသွားသည့်အလား မျက်လွှာချလို့ အနားယူသွားခဲ့ပြီ...။

ReplayWhere stories live. Discover now