" မပြောချင်ဘူး... မျက်နှာကဖြီးနေတာ... သူ့လူကြီး လာပို့သွားတော့... လမ်းလျှောက်တာလည်း မြောက်ကြွ မြောက်ကြွ... ခြေထောက်နဲ့ မြေကြီးက မထိချင်တော့ဘူး"
အစ်ကို ကျောင်းပို့ပေးပြီး ပြန်သွားတာနဲ့ ဂျုံအင်းက ဆယ်ဟွန်းကို မဲ့ကာရွဲ့ကာ ပြောသည်။
"မင်းကလည်းနော် အစ်ကို့နဲ့ဆို ငါ့ကို ပြောမယ်ဆိုတာကြီးပဲ..."
အခုတလော အစ်ကို ဘယ်လောက်တောင် ကျနော့်ကို သည်းသည်းလှုပ်နေသလဲ ဂျုံအင်းမှ မသိတာ...။
အိုဆယ်ဟွန်း ကမ္ဘာကြီးက အရမ်းကို သာယာနေတာ....။
ညကစာကြည့်တုန်းကတောင် ကလေးညောင်းနေမှာစိုးလို့ဆိုပြီး ဇက်ကျောတွေ လာနှိပ်ပေးသေး...။
"မင်းအတွက်ပြောနေတာ... မင်းကို စိတ်ပူလို့... မင်းလူက ကောင်းတဲ့အစားထဲပါတာ မဟုတ်... လိုတစ်မျိုး မလိုတစ်မျိုးနဲ့... ယုံရတဲ့လူမှ မဟုတ်တာ... သတိလေးဘာလေးနဲ့နေ"
ကျောင်းတက်ဖို့အချိန်လိုသေးတာကြောင့် စာသင်ခန်းဆီမသွားပဲ ပန်းခြံဘက် စကားတပြောပြောနဲ့ ရောက်လာသည်။
ကျောင်းပန်းခြံက ဧရိယာတော်တော်ကျယ်သလို ထူးထူးခြားခြား နေကြာပန်းတွေကိုပါ အလှစိုက်ထားသည်။
"ဂျုံအင်း ငါ့ကို ဓာတ်ပုံရိုက်ပေး..."
ဂျုံအင်းက ဆယ်ဟွန်း နေကြာပန်းကို ငုံ့နမ်းနေတဲ့ပုံလေး ရိုက်ပေးလိုက်တော့ ဆယ်ဟွန်းက ဖုန်းကို ပြန်ယူပြီး သဘောတကျ ကြည့်နေသည်။
" လှပြီးသားပဲ... ဘာတွေ ဒီလောက်ကြည့်နေတာလဲ..."
"ပန်းပုံပေါ်မပေါ် ကြည့်တာပါ..."
"အဲလောက်တောင်ပဲ သဘောကျလား...နေကြာပန်းတွေကို..."
"ကြိုက်တယ်ရယ်တော့ မဟုတ်ပါဘူး... ဒီတိုင်း ငါနှင့်တူလို့ သဘောကျတာ... သူတို့က သစ္စာရှိတယ်... အမြဲတမ်း နေရှိရာ အရပ်ပဲ မျက်နှာမူတယ်... အစ်ကို နှင့် ငါလိုပေါ့..."
"တော်ပြီ... အတန်းထဲပဲ ပြန်တော့မယ်... မင်းမျက်နှာရော အဲပန်းတွေရော မကြည့်ချင်တော့ဘူး"
ဂျုံအင်းမျက်နှာကြီးက စူပုတ်ပြီး တကယ်ပင် မျက်နှာလွှဲသွားကာ ကျနော့်ကိုတောင် မစောင့်ပဲ အတန်းရှိရာဆီ ပြန်သွားသည်။
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...