ဆိုးလ်မြို့ရဲ့ လမ်းမထက်မှာတော့ အရှိန်အဟုန် ပြင်းပြင်းနဲ့ မောင်းနှင်လာတဲ့ အနီရဲရဲ ပြိုင်ကားတစ်စီးဟာ တိတ်ဆိတ်နေတဲ့ ဟန်မြစ်ကမ်း တစ်နေရာဝယ် မာန်လျော့လိုက်လေသလား ထိုးရပ်သွားခဲ့သည်။တသိမ့်သိမ့် တိုက်ခတ်နေတဲ့ လေပြေညှင်းတွေက ကားတံခါးဖွင့်ဆင်းလာတဲ့ ကောင်လေးရဲ့ ရွှေအိုရောင် ဆံနွယ်ပျော့တွေကို တလွင့်လွင့် ဝဲခါနေစေလျက်....။
ထင်းနေတဲ့ မေးကျောရိုးတွေက အံကို တင်းနေအောင် ကြိတ်ထားတာကြောင့် နဂိုရှိရင်းစွဲထက် ပိုမိုပေါ်လွင်နေသလို ချောမောခန့်ညားတဲ့ ကောင်လေးရဲ့ မျက်နှာဟာလည်း ဝမ်းနည်းတဝက် ဒေါသတဝက် ရောယှက်နေတာကြောင့် အနီရောင်ဘက်သမ်းနေသည်...။
မျက်ရည်တွေကလည်း စူးရဲတောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ လိုက်ဖက်မညီစွာ တလိမ့်လိမ့် ပါးပြင်နှစ်ဖက်မှာ အလုအယက်ကျဆင်းနေလျက်..၊ တရွေ့ရွေ့ဟန်မြစ်ကမ်းဆီ အသက်မပါစွာ လျှောက်လှမ်းရင်း ကမ်းစပ်မရောက်မီ ခွေကျသွားတဲ့ ခြေထောက်တွေက မြေပြင်ပေါ်မှာ ဒူးထောက်လျက်သား....၊ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးနှစ်ဖက်... သွေးကြောတွေတောင် အထင်းသား ထောင်မတ်လို့....။
ရှိုက်သံတစ်ချက် မထွက် အသံတိတ်မျက်ရည်တွေကျနေတဲ့ ကောင်လေးရဲ့ ရင်တွင်းမှာတော့ ယူကျုံးမရတဲ့ နောင်တတွေက တသီတတန်း...။
ကိုယ်တောင် မထိရက်ခဲ့ပါတဲ့ နုဖက်နေတဲ့ မျက်နှာလေးကို ကိုယ့်ရှေ့မှာ လဲပြိုကျသွားတဲ့အထိ ရက်ရက်စက်စက် ရိုက်ချသွားတဲ့သူကို ပွဲကြည့်ပရိတ်သတ်အနေနဲ့ ဘေးကနေ ဘာမလုပ်ပဲ ရပ်ကြည့်နေရတာ ဘယ်လောက်ရင်နာစရာ ကောင်းလဲ မင်းမှမသိပဲ ဟွန်း....။
တစ်ချိန်လုံး တစ်ခုခုလုပ်မိမှာစိုးလို့ ကိုယ့်နှူတ်ခမ်းကိုယ်ကိုက်ထားခဲ့ခြင်းရလဒ်က အခုတော့ အတွင်းနှူတ်ခမ်းပါးတစ်ခုလုံး ထုံခဲလို့....။
မင်းမကြိုက်တဲ့ ဘယ်အရာမှ မလုပ်နိုင်လောက်အောင် အကျင့်ပါနေတဲ့ ငါ့စိတ်ကြီးကို မုန်းတယ်...။
တစ်ခုခု လုပ်လိုက်လို့ ပြဿနာတွေဖြစ်လာရင် ငါ့ကြောင့် မင်းပိုထိခိုက်သွားမလားဆိုတဲ့ အတွေးကြီးက ငါ့စိတ် ငါ့ဆန္ဒ အားလုံးကို တားဆီးထားတယ်....။
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...