နေ့လည်လောက်တည်းက ရောက်နေခဲ့တဲ့ ဆယ်ဟွန်းဟာ အစ်ကိုတို့ Companyရဲ့ ဧည့်တွေ့ စားပွဲဝိုင်းလေးမှာ အစ်ကိုထွက်မလာမချင်း ငုတ်တုတ်ထိုင်စောင့်နေတာ ညနေတောင်ရောက်လာပြီ...။
"ဟို...ပြောရမှာတော့ အားနာပါတယ်...ဒီမှာ စောင့်နေတာလည်းကြာပြီ...ဆရာကလည်း တွေ့မှာမဟုတ်တော့...ဒီလောက်နဲ့ပဲ ပြန်လိုက်ပါလား..."
ရုံးဆင်းလုနီးနီးအချိန်မှာ ထပြန်မယ့်ပုံမပေါ်သေးတဲ့ ဆယ်ဟွန်းကို Reception မိန်းကလေး နှစ်ယောက်ကလာပြောသည်။
"ဆယ်ဟွန်းလို့ သေချာပေါက် ပြောလိုက်တယ်မလား..."
အခုချိန်ထိ ဆယ်ဟွန်းအတွေးတွေထဲ အစ်ကိုက သူရောက်နေတာမသိလို့ ထွက်လာမတွေ့တာပါလို့ ထင်နေတုန်း...။
"ဟုတ်ကဲ့ရှင့်... အသေအချာပြောလိုက်ပါတယ်... ဆရာက ဒီက ဆယ်ဟွန်းကို ပြောစရာဘာမှမရှိလို့ တွေ့ဖို့အကြောင်းမရှိဘူး ပြောပါတယ်..."
"အစ်ကို့မှာ ဘာမှပြောဖို့မရှိလည်း ကျနော့်မှာပြောဖို့ အများကြီးရှိနေသေးတာကြောင့် ခဏလေးပဲ ထွက်တွေ့ပေးပါလို့ ပြောပေးလို့မရဘူးလား... ကျနော့်ကို ကူညီပါဗျာ...တကယ် အရေးကြီးလို့်ပါ..."
အတင်းဇွတ်ပူဆာမိတော့ ဘာဆက်ပြောလို့ ပြောရမှန်းမသိပါတဲ့ Reception က ကောင်မလေးနှစ်ယောက်...။
ခေါင်းကုပ်သူကကုပ်၊ သက်ပြင်းချသူကချနဲ့...။
ခဏနေတော့ အစ်ကို့ရုံးခန်းဆီ နောက်တကျော့ ပြန်ဝင်သွားသည်။
တစ်ခါလေးပါ အစ်ကို... ခဏလေးပဲ ထွက်လာပေးပါ...
ကျနော်လိုချင်တာ အစ်ကို မယုံကြည်ခဲ့တဲ့ ကျနော့်ချစ်ခြင်းတရားတွေက စစ်မှန်ကြောင်း သက်သေပြခဲ့ချင်ရုံလေး...။
ပြန်ပွင့်လာမယ့်တံခါးဆီ တိုးတိတ်စွာ ဆုတောင်းရင်း တစိုက်မတ်မတ် ကြည့်နေဆဲ တံခါးချပ်က ပြန်ပွင့်လာတယ်...။
အစ်ကို မဟုတ်ပဲ ဝင်သွားတဲ့ ကောင်မလေးနှစ်ယောက်ပဲ ပြန်ထွက်လာတာဖြစ်သည်။
မျှော်လင့်ချက်အပြည့်နဲ့ သူတို့ကိုကြည့်နေတဲ့ ဆယ်ဟွန်းရဲ့ သနားစဖွယ် မျက်နှာလေးကြောင့် ရုံးစာရေးမလေးနှစ်ယောက်က မျက်နှာတွေကိုယ်စီပျက်နေပြီး ဆယ်ဟွန်းကို တစ်ခုခုပြန်ပြောဖို့တောင် ဝန်လေးနေပုံ...။
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...