အပြင်သွားခါနီး ဗီရိုထဲမှာ အဝတ်အစားဝတ်ဖို့ရှာနေရင်း အနက်၊ အနီ၊ အဖြူတွေသာများတဲ့ အထဲမှာ ရှားရှားပားပားရောပာနေတဲ့ တီရှပ်အဝါလေးတစ်ထည်...။ အဝါရောင် တီရှပ်လေးကို ကောက်စွပ်ရင်း အစ်ကို့ကို သတိရမိပြန်တယ်...။
"ကြက်ပေါက်စလေးနဲ့တူတယ်... အဝါလေးဝတ်ထားရင် ကလေးက ကိုက်စားပစ်ချင်စရာလေး..."
မှန်ထဲက ကိုယ့်ပုံကိုပြန်ကြည့်လို့ အစ်ကို့စကားသံတွေ ကြားယောင်ရင်း နှစ်ခြိုက်စွာ ပြုံးလိုက်မိပြန်တယ်...။
ဒီနေ့လည်း... ကျနော် အစ်ကို့ကို ထပ်လွမ်းတယ်...။
"ဟွန်း... ဟွန်း..."
အပြင်ဘက်က ဂျုံအင်းအော်သံကြားမှ အသိဝင်လာကာ အခန်းပြင်ထွက်လာမိသည်။
"ငါက မင်းအထဲမှာ ကြာနေလို့ တစ်ခုခုဖြစ်နေတာထင်လို့..."
အမြဲတမ်း ကြံဖန်စိတ်ပူတတ်တဲ့ ကျနော့်သူငယ်ချင်းလေးက တကယ်ကို စိုးရိမ်နေတဲ့ မျက်လုံးတို့နဲ့ ကျနော့်တစ်ကိုယ်လုံး အကဲခတ်သလို ကြည့်ပြီး ပြောလာသည်။
"အင်း... ဝတ်စုံရွေးနေတာ ကြာသွားလို့..."
"ဘယ်လိုနေနေ ဘာပဲဝတ်ဝတ် မင်းက အမြဲချစ်ဖို့ကောင်းပြီးသားပဲဟာ ... အဲလောက်လည်း မလိုပါဘူး"
ဂျုံအင်း စကားကြောင့် အလိုက်သင့် ပြန်ပြုံးပြမိရင်း တဆက်တည်း တွေးမိလိုက်တာ ဘယ်လိုနေနေ ချစ်ဖို့ကောင်းတဲ့အထဲ အစ်ကို့အတွက်တော့ မှန်မနေခဲ့ဘူးထင်ပါတယ်...။
အောက်ကိုရောက်တော့မှ အဆင်သင့် တံခားဖွင့်ပေးနေတဲ့ ကားပေါ်ကို တက်ထိုင်လိုက်သည်။
ယောင်းဂူက သူ့မွေးနေ့ကို သေချာပေါက်လာနော် ဆိုပြီး ဖိတ်ထားလို့သာ အားနာပြီး သွားရမှာ စိတ်ကပါလို့ရယ်တော့မဟုတ်...။အပြင်မထွက်ချင်ဘူး...။
အခန်းထဲမှာ တစ်ယောက်တည်းနေရင်း အရင်တုန်းက အကြောင်းတွေ စဉ်းစားလိုက်... သတိရရင် ဖုန်းထဲက အစ်ကို့ပုံလေး ထုတ်ကြည့်လိုက်... အပြင်မှာ နမ်းခွင့်မရှိတော့ screenပေါ်က အစ်ကို့ပါးပြင်လေးကို နမ်းပြီး ကျေနပ်နေလိုက်နဲ့... အစ်ကို့ကို ပြောချင်တဲ့ ရင်ထဲကစကားတွေ ပြောလိုက်နဲ့ ကုန်ဆုံးသွားရတဲ့ ပိတ်ရက်တွေကို ပိုသဘောကျသည်။
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...