16

2.1K 222 20
                                    

လေးရက်မြောက်နေ့...

ဆယ်ဟွန်း ဆေးရုံက ဆင်းလာတာ ဒီနေ့အပါအဝင် လေးရက်ရှိသွားခဲ့ပြီ...။

အဲဒီနေ့က ထွက်သွားခဲ့တဲ့ အစ်ကို့ကျောပြင်က ဆယ်ဟွန်း နောက်ဆုံးတွေ့လိုက်ရခြင်းပါပဲ...။

နောက်ပိုင်း အစ်ကိုက ဆေးရုံဆင်းတဲ့အထိ ကျနော့်ဆီကို လုံးဝထပ်မလာခဲ့တော့သလို ကျနော်ကိုယ်တိုင်ကလည်း အစ်ကို့ဆီကို မပြန်ဖြစ်ခဲ့တော့...။

" ငါ မင်းစိတ်မကောင်းဖြစ်နေမှာစိုးရိမ်ပြီး မပြောဖြစ်ခဲ့တာ... မင်း ငါ့ကို ပိုက်ဆံမပါလို့ဆိုပြီး Foreverကို ဖုန်းဆက်ခေါ်တဲ့ညမတိုင်ခင် ညနေလောက်က အစ်ကို ချန်းယောလ် နှင့် အစ်ကိုဘတ်ဟွန်းကို ငါတို့လမ်းထိပ်မှာ တွေ့လိုက်တယ်... အစ်ကို ချန်းယောလ် ကားပေါ်က အစ်ကိုဘတ်ဟွန်း ဆင်းလာတာ... ဒီအတိုင်း မင်းနှင့်ပတ်သက်ပြီး တွေ့ကြတယ်ထင်လို့..."

ဆေးရုံဆင်းတဲ့နေ့က တစ်ကယ်တော့ အစ်ကို့ဆီကို ပြန်သွားမလို့ပါပဲ...။ ဂျုံအင်းဆီက မထင်မှတ်ပဲ ကြားခဲ့ရတဲ့ ထိုစကားကြောင့် အစ်ကို့ဆီ လှမ်းဖို့ရည်ရွယ်နေတဲ့ ကျနော့်ခြေလှမ်းတွေက အကောင်အထည်မဖော်ရသေးမီပင် ဆုံးခန်းတိုင်သွားခဲ့ရသည်။

ကျနော့်ကို တစ်နေကုန် ပစ်သွားပြီး အသည်းအသန် ပြေးထွက်သွားခဲ့တာ... ကိုကြီးဆီကိုတဲ့လား...။

အစ်ကို ကျနော့်အပေါ် လုပ်ရက်လိုက်တာ...။

"မင်းကို သူ့ရှေ့မှာ ရိုက်လိုက်တည်းက အစ်ကိုတစ်ယောက်ဖြစ်နေပြီး ဘာမှပြန်ပြီးတော့လက်တုံ့မပြန်တာ ငါ့စိတ်ထဲထူးဆန်းနေခဲ့တာ ... ဒါကလည်း အစ်ကိုဘတ်ဟွန်းက အေးဆေးတဲ့သူမို့လို့ဆိုပြီး ဖြေတွေးသေး... ဒီလို ပတ်သက်နေမယ်မှန်း မတွေးမိဘူး တစ်ခါမှ..."

ဂျုံအင်းပြောသမျှ စကားတွေက နားထဲက မထွက်တော့ပဲ ဒီအတောအတွင်း နှိပ်စက်နေသည်။

ကျနော်အိမ်မှာတောင် ကိုကြီးနှင့်မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေမိတဲ့ အထိ... အမှန်တရား လက်ခံပေးဖို့က ခက်ခဲနေသေးသည်။

"ဒေါက်...ဒေါက်...ဒေါက်...."

တံခါးခေါက်သံအပြီး

ReplayWhere stories live. Discover now