တချို့ တချို့သော နာကျင်ခြင်းတွေက တစ်စုံတစ်ယောက်က ပေးနေတာမျိုး မဟုတ်ပဲ ကိုယ်ကိုယ်တိုင်က ကျေကျေနပ်နပ်ကြီး အတင်းအကျပ် တောင်းခံနေတာမျိုး...၊ တိုက်ရိုက်ပြောရရင်တော့ အစ်ကို နှင့် ကျနော်လိုပေါ့..။
❤❤❤❤❤❤❤❤❤❤❤❤❤
မျက်လုံးစဖွင့်လိုက်တဲ့ အချိန်မှာ ပထမဆုံး မြင်တွေ့လိုက်ရတဲ့သူက အစ်ကို...။
"သတိရလာပြီလား...ဟွန်း..."
ကျနော့်ကို ဘယ်လောက်တောင် စိတ်ပူနေကြောင်း အစ်ကို မပြောပေမယ့်လို့ မျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်ရသူက အစ်ကို ဖြစ်နေလို့ ပျော်သည်။
"အစ်ကို... အခုထိ ရှိနေပေးလို့ ကျေးဇူး"
"ဝတ္တရား ကျန်နေသေးလို့..."
လိမ်ညာပြီး မင်းကို စိတ်ပူလို့ပါလို့ ပြောပေးလိုက်တော့ ဘာဖြစ်သွားမှာ မလို့လဲ...
"ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ်... အစ်ကို အခု ကျနော်နှင့်အတူတူရှိနေလို့ ကျေနပ်တယ်..."
"ခဏနေ... မင်း သူငယ်ချင်း ဂျုံအင်းလာလိမ့်မယ်... ကိုယ် အခု အလုပ်သွားတော့မှာ..."
ပြောပြီးတာနဲ့ တန်းပြန်သွားတဲ့ အစ်ကိုက ကျနော့်ကို ခဏတာ ကျေနပ်ခွင့်လေးတောင် မပေးခဲ့ချင်ဘူးပဲ...။
ခဏနေတော့ သွင်းထားတဲ့ အကြောဆေးတွေ ကုန်သွားခဲ့သလို တာဝန်ကျ Nurse တစ်ယောက် အခန်းထဲ ဝင်လာသည်။
" ညက ဆေးရုံ လာပို့တဲ့သူက ပြန်သွားပြီလား... "
အစ်ကို့ကို ပြောတာထင်ပါရဲ့
ကျနော် အသက်မပါစွာ ပြုံးလိုက်မိတယ်...
ခေါင်းလည်းမခါ ခေါင်းလည်းမညိတ်။
ဆိတ်ဆိတ်နေခြင်းအား ဝန်ခံခြင်းလို့ မှတ်ယူသွားဟန်တူတဲ့ Nurse လေးက
"ညီအစ်ကိုတွေလား ... သူ့ညီကို အရမ်းချစ်တယ်ထင်တယ်နော်... တစ်ညလုံး တရေးတောင် အိပ်မသွားဘူး ... တချိန်လုံး စောင့်ပေးသွားတာ... အရမ်းပင်ပန်းနေတဲ့ပုံပေါ်နေလို့ အနားယူပါပြောတာတောင် မရဘူး သူ သတိမရသေးဘူး ဆိုပြီး ဘေးကကို မခွာဘူး... "
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...