ကွာရှင်းကြရအောင်တဲ့လား...
တစ်ကယ်ပဲ ဘာမှမခံစားရတဲ့ အတိုင်း ကြောက်ဖို့ကောင်းတဲ့စကားမျိုးကို အစ်ကိုပါးစပ်ကနေ လွယ်လွယ်လေးထွက်ကျလာခဲ့တာ ဆယ်ဟွန်းအခုထက်ထိ မယုံကြည်နိုင်သေးပါ...။
ကျနော်က အစ်ကို့အတွက် အဓိက စိတ်ပျက်စရာတဲ့လား...
ပြိုလဲကျသွားတဲ့ ခန္ဓာကိုယ်ကိုယ်လေးကို အားယူထထိုင်လိုက်ပြီးမှ တဖြေးဖြေးဝေးကွာသွားပြီဖြစ်တဲ့ အစ်ကို့ရဲ့ နောက်ကျောပြင်ကို ကြည့်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်သည်။
တကယ်ပဲ ဂျုံအင်းပြောသလို ဖြစ်နေခဲ့ပြီလား...
အစ်ကိုက ကျနော့်ကို မချစ်ပဲရွေးချယ်ခဲ့လို့ နောင်တတွေရနေခဲ့တာလား...
ဘယ်လိုလုပ်ပေးရမလဲ...အစ်ကို...
ကျနော် အစ်ကို့ကို အတင်းကြီးဆွဲမထားချင်ပါဘူး...
အစ်ကို့စိတ်တိုင်းကျ ကွာရှင်းပေးဖို့အထိလည်း ကျနော့်နှလုံးသားက ခံနိုင်ရည်မရှိသေးဘူး...
အစ်ကိုမရှိပဲ ကုန်ဆုံးသွားရမဲ့ နေ့ညတွေအတွက် ကျနော် တစ်ယောက်တည်း ဘယ်လို ရင်ဆိုင်ရမလဲ...
အတွေးပေါင်းစုံနှိပ်စက်လို့ နဂိုတည်းက အအိပ်ပျက် အစားပျက် ဖြစ်လို့ အားနည်းနေပါတဲ့ ခန္ဓာကိုယ်လေးက အခုတော့ ဆယ်ဟွန်းကို ဆိုဖာပေါ်ကနေ အစ်ကို့နောက်ကို ပြေးလိုက်သွားနိုင်ဖို့အတွက် အင်အားလေးအနည်းငယ်တောင် ပေးသနားမနေခဲ့...။
အစ်ကိုနားလည်အောင် မပြောပြတတ်ခဲ့တာကလွဲလို့ ကျနော်က အစ်ကို့ကို အရမ်းချစ်ခဲ့ရတဲ့သူပါ...။
ကျနော်နှင့်ပတ်သက်သမျှ အရာရာဟာ အခုချိန် အဆုံးသတ်ပစ်လိုက်ဖို့ အစ်ကို့အတွက် လွယ်နေခဲ့ပေမယ့်လည်း အစ်ကို့နှင့်ပတ်သက်နေသမျှ အရာရာက ကျနော့်အတွက် ဘယ်အချိန်ပဲ ဖြစ်ဖြစ် အဆုံးသတ်ပစ်ဖို့ ထင်သလောက် မလွယ်ကူနေခဲ့ဘူး... အစ်ကို...။
လေဝင်လေထွက်တွေက မူမမှန်တော့ဘူး...
ဧည့်ခန်းတစ်ခုလုံး ဘာမှ မမြင်ရအောင် ဝေဝါးလာတယ်...
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...