ဂျုံအင်း ပြန်သွားပြီးကတည်းက စိတ်ထောင်းကိုယ်ကျေဆိုသလို တစ်ကိုယ်လုံး ပျော့ခွေသွားပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတော့ပေမဲ့ အစ်ကိုပြန်လာလို့ ဘာမှမစားလာခဲ့သေးရင် ဆိုတဲ့ အတွေးနဲ့တင် အားတင်းပြီး ရေခဲသေတ္တာဆီကို ချက်စရာ ဘာတွေများရှိဦးမလဲဆိုပြီး ရှာဖွေဖို့ သွားလိုက်တယ်...။
ကြက်သားအချို့နှင့် အသီးအရွက် အနည်းငယ် ရှိသေးတာမလို့ လူတိုင်း အိပ်ပျော်နေမဲ့ ညလယ်ခေါင်ကြီးမှာ ထချက်ပြုတ်နေလိုက်သည်။
အားလုံးပြီးစီးသွားတော့ ဆယ့်နှစ်ခွဲနေပြီ...။
အသေအချာ ပန်းကန်ထဲခူးခပ်ပြီး စားသောက်ဖို့အဆင်သင့် ခင်းကျင်းပြီးတာနဲ့ ခြံရှေ့ကို ထွက်စောင့်နေလိုက်တယ်....။
တစ်ကိုယ်လုံး ကိုက်ခဲပြီး အိပ်ချင်နေတာတောင် အစ်ကို ပြန်မလာသေးတော့ စိတ်ပူပြီး ခြံရှေ့မှာ အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက်နဲ့ ဂနာမငြိမ်...။
ဖုန်းမေ့နေခဲ့တာမလို့ အစ်ကိုများ ခေါ်ထားသေးသလားလို့ ကြည့်မိပါတယ် ပုံမှန်ပို့နေကြ ဂျုံအင်းဆီက Message နှင့် Missed Call ကလွဲလို့ အစ်ကို့ဆီက ဘာမှ အဝင်အထွက်မရှိ....။
ညတစ်နာရီဆိုတဲ့ အချိန်ကာလမှာ အစ်ကို့ကို စိတ်ပူနေမှူက အထွဋ်အထိပ်ကိုရောက်လာသည်။
အရဲစွန့်ခေါ်ဆိုမှူအဆုံးသတ်မှာ
#ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်
ပူနွေးစွာ စီးဆင်းသွားတဲ့ မျက်ရည်ကြောင်းတွေက ပါးပြင်ထက်မှာ...
ကျနော် အစ်ကို့ကို ဘယ်လောက်တောင် စိတ်ပူနေမလဲဆိုတာ အစ်ကို မတွေးမိဘူးလား...
အစ်ကို့မိဘတွေအိမ်ကို ပြန်သွားလို့လား...။
အစ်ကို့မိဘတွေဆီ ဖုန်းဆက်ကြည့်ချင်ပာသော်လည်း ဒါက လုံးဝ မဖြစ်နိုင်ပါ...။ အစ်ကိုက ဆယ်ဟွန်းကို အခုထိ သူ့မိတ်ဆွေ သူ့အသိုင်းဝိုင်းမှာ ဘယ်တုန်းကမှ ထုတ်မပြခဲ့သလို... သူ့မိဘတွေဆီ ပြန်ရင်တောင် တစ်ယောက်တည်းသာပြန်ပြီး ဆယ်ဟွန်းကို ခေါ်သွားခြင်းမရှိ...။ အစ်ကို ပြောခဲ့တဲ့ စကားက တစ်ခွန်းတည်းသာ... ။
YOU ARE READING
Replay
Fanfictionအရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ အရမ်းချစ်ပြတတ်သူတွေ ရက်စက်သွားရင် ဘယ်သူမှ လိုက်မမှီဘူးဆိုတာ သိလိုက်ရတည်းက ကျနော် ဘယ်သူကိုမှ ချစ်မပြတတ်တော့တာပဲ...