ဖန်ယုဟန် ဂျီဖန်ရဲ့အိမ်သို့ရောက်သွားသည်။ သူဒီနေရာကို စိတ်ထွက်ပေါက်နေရာလို့ သဘောထားပြီး မကြာခဏလာလေ့ရှိသည်။
ဒီနေ့တော့ သူနှုတ်ဆိတ်နေသည်။ လမ်းခွဲရတဲ့ အကြောင်းအရင်းကိုမေးတာတောင်မှ ဖန်ယုဟန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှမပြောဘဲနေသည်။ ဂျီဖန်စိတ်ထဲ ထင့်သွားသည်။
ဖန်ယုဟန်လဲစရာအ၀တ်အစားမပါသောကြောင့် ကိုယ်လုံးကို စောင်ဖြင့်ပတ်ပြီး ဆိုဖာပေါ်မှာ ကွေးကွေးလေး မှီနေသည်။
နန်ကျန်နဲ့ အမှတ်တရတွေကို ဖြည်းဖြည်းချင်း ပြန်စဉ်းစားနေမိသည်။ အမှတ်တရတွေအကုန်လုံးကို သူမှတ်မိသည်။ နောက်တော့ သူထပ်မစဉ်းစားတော့။
သူအိပ်မပျော်ခင် နန်ကျန်နဲ့သူ အတူနေတဲ့ နေရာလေးကို စဉ်းစားမိသည်။ အိမ်လေးက မကြီးသော်လည်း နေချင်စဖွယ်လေးဖြစ်သည်။ အိမ်ထဲမှာ စာအုပ်ခန်းတစ်ခန်း၊ နားနေဖို့တစ်ခန်းနဲ့ သူတို့ကြောင်လေးအကြိုက်ဆုံး ဧည့်ခန်းလေးရှိသည်။ ဆောင်းတွင်းဖက်ဆို သူတို့နှစ်ယောက် စောင်တစ်ထည်ထဲကို အတူခြုံ၊ ကြောင်လေးကိုဖက်ပြီး ဆိုဖာပေါ်ထိုင်ရင်း TVမှလာသောအစီစဉ်များကို ကြည့်ကြသည်။
အိမ်အပြင်မှာ နှင်းတွေကျနေသော်လည်း အိမ်ထဲမှာတော့ နွေးထွေးချိုမြိန်မှုတွေနဲ့ ပြည့်နေခဲ့သည်။
သူ့အိပ်မက်ထဲတွင် ပန်းတွေအောက်မှာ ပြုံးနေသော နန်ကျန်ရဲ့မျက်နှာကို မြင်ရသည်။ ထိုနှစ်က ပန်းတွေအရမ်းပွင့်သည်။
အဲ့ဒီ့အချိန်က သူ နန်ကျန်ကိုပိုးနေတာ ငါးလကျော်လောက်ရှိပြီဖြစ်သည်။
ထိုနေ့က နန်ကျန်က မနက်ပိုင်း ပြေးပြီးကာစ၊ ဖန်ယုဟန်ကသူ့ကို sport drink ပေးခဲ့သည်။
နန်ကျန်က ဘူးအဖုံးကိုဖွင့်ပြီးသောက်တဲ့အချိန်၊ ဘူးကိုမြှောက်လိုက်တဲ့အရှိန်များသွားလို့လားပဲမသိ၊ အချိရည်အချို့လျှံကျခါ မေးစေ့မှ လည်ပင်းသို့ စီးကျလာသည်။ အလင်းရောင်အောက်မှာ အချိုရည်စက်က စိန်တစ်ပွင့်လို တလက်လက်တောက်နေသည်။
ဖန်ယုဟန်မျက်လုံးမခွာနိုင်ဖြစ်ကာ နန်ကျန်ကို ပေါတောတောပြုံးပြမိသည်။
![](https://img.wattpad.com/cover/194931161-288-k829752.jpg)
YOU ARE READING
BL-ဖူးစာရှင်မဟုတ်ရင် ဒိုးပါ (translation, Zawgyi, Unicode)
RomanceBL အရမ်းသ၀န်တိုတတ်တဲ့ ချစ်စရာbottomလေးနဲ့ စိတ်ရှည် သည်းခံတတ်တဲ့top Fuck Off Unless You're The One (非诚互扰) မူရင်းစာရေးဆရာ - Tan Suan (碳酸) English ဘာသာပြန်သူ - AlexPT (Blackbox Translation) Link - https://blackbox-tl.com/novels/foyo/