အခန်း ၎

2.5K 345 1
                                    

ဒီခြောက်နှစ်အတွင်းမှာ ဖန်ယုဟန်ခံစားခဲ့ရတဲ့ သ၀န်တိုမှုတွေ အားလုံးနီပါးက ချန်ယုကြောင့်ဖြစ်သည်။

ချန်ယုက နန်ကျန်ရဲ့ အထက်တန်းကျောင်းတုန်းက ချစ်သူဖြစ်သည်။ သူတို့ ကောလိပ် ပထမနှစ်မှာ လမ်းခွဲခဲ့ကြပြီး ဖန်ယုဟန်နှင့်နန်ကျန်ချစ်သူတွေဖြစ်ကြတော့ ကောလိပ် တတိယနှစ်မှာဖြစ်သည်။

သူ့ရဲ့ ပထမဆုံးအကြိမ်အားလုံးက နန်ကျန်နဲ့ဖြစ်သော်လည်း နန်ကျန်ရဲ့ ပထမဆုံးတွေက ချန်ယုနဲ့ဖြစ်တယ်ဆိုတာကို တွေးမိတဲ့အခါတိုင်း သူ့ဘက်က မမျှသလိုခံစားရပြီး ၀မ်းနည်းရသည်။

တစ်နေ့မှာတော့ သူ့ဝမ်းနည်းမှုတွေကို ဖွင့်ပြောမိသည်။

အဲ့နေ့က ကိစ္စတစ်ခုကြောင့် သူတို့အကြီးအကျယ် စကားများကြသည်။ ဖန်ယုဟန်ရင်နာကာ အကုန်လုံးကို ထုတ်ပြောမိသွားသည်။ ပြောပြီးခါမှ သူဘယ်လောက်ကြောင်တောင်တောင်နိုင်လဲဆိုတာ သိသွားသည်။ ရည်းစားဟောင်းဆိုတာ အတိတ်မှာကျန်ခဲ့ပြီပဲကို သူ့မှာတော့ သနားစရာကောင်းလောက်အောင် မကျေနပ်နိုင်ဖြစ်နေသည်။

သူတစ်ခါမှတောင် မခံစားဖူးတဲ့ အရှက်မျိုးနဲ့ ရှက်ကာ ထိုနေရာမှ ထွက်ပြေးမိသည်။

နန်ကျန်က သူ့ကိုလှမ်းဖမ်းဆွဲပြီး အိပ်ရာပေါ်ကို တွန်းလှဲလိုက်သည်။

"ငပေါလေး၊ သူများတွေက သူတို့ရှေ့မှာဖြစ်နေမှ သ၀န်တိုတယ်။ နင်က အချိန်နောက်ပြန်လှည့်ပြီးတောင် သ၀န်တိုလိုက်သေးတယ်။"

ဖန်ယုဟန်က သူ့ခေါင်းကို နန်ကျန့်ရင်ခွင်ထဲ တိုးဝှေ့ရင်း ဘာပြောရမှန်းမသိဖြစ်နေသည်။ ထို့နောက် နန်ကျန်က ဆက်ပြောသည်။ "ချန်ယုနဲ့ငါက အကုန်လုံးအတိတ်မှာ ဖြစ်ခဲ့တာတွေ။ အထက်တန်းကျောင်းတုန်းကဟာ၊ ငါတို့ဘာများလုပ်နိုင်မှာမို့လဲ။ လက်ကိုင်တာနဲ့ ဖက်တာကလွဲရင် ကျန်တဲ့ငါ့ပထမဆုံးအကြိမ်တွေအကုန်လုံးက နင်နဲ့ပဲ။ စိတ်မဆိုးနဲ့တော့နော်။ ငါ့ပထမဆုံးအနမ်းကတောင် နင်နဲ့ပဲ။ အဲ့တုန်းက ငါနင့်ကို နမ်းချင်နေတာကြာပြီ။ သေချာမနမ်းတတ်မှာဆိုးလို့ ဗီဒီယိုတွေကြည့်ပြီးတောင် လေ့လာလိုက်သေးတယ်။ ငါတို့ အတူအိပ်ကြတဲ့နေ့ကကောပဲ။ အဲ့တုန်းက နင့်ရဲ့ ပထမဆုံးအကြိမ်။ ငါ့အတွက်လည်း ပထမဆုံးအကြိမ်ပဲ။"

BL-ဖူးစာရှင်မဟုတ်ရင် ဒိုးပါ (translation, Zawgyi, Unicode)Where stories live. Discover now