အခန်း ၆

2.3K 356 0
                                    

အစီအစဉ်ကျင်းပတဲ့နေရာကိုရောက်တော့ သူ့သူငယ်ချင်းကသူ့ကို ထောင်ချောက်ဆင်လိုက်တာလားလို့တောင် ထင်ရသည်။ ခလုတ်နှိပ်တာကလွဲလို့ သူ့မှာဘာမှလုပ်စရာမရှိ။ အအေးသောက်ရင်းနဲ့ပဲ အချိန်ကုန်အောင်စောင့်ရတော့မည်။

သူဖုန်းကို ကြည့်မိသည်။ အခုအချိန်အထိ နန်ကျန်သူ့ကို မဆက်သွယ်သေး။

ဒီshowကိုကော သူကြည့်ပါ့မလား။

ကြည့်ဖြစ်ပြီးရင်ကော သူ့ကိုဆက်ပြီး ဥပေက္ခာပြုနေဦးမှာလား။

အဲ့လိုနဲ့ လေးယောက်မြောက် အမျိုးသမီးဧည့်သည်ရဲ့အလှည့်ရောက်လာသည်။

"ကျမ ဒီမေးခွန်းကို နံပါတ်၁၄ကို မေးချင်ပါတယ်။"

ဖန်ယုဟန်ကငေးမောနေသောကြောင့် သူ့ရင်ဘက်ပေါ်က နံပါတ်၁၄ကဒ်ကို သတိမထားမိ။

"ကျမ ဒီမေးခွန်းကို နံပါတ်၁၄ကို မေးချင်ပါတယ်။"

ဧည့်သည်နံပါတ်၁၅က လှမ်းတို့တော့မှ ဖန်ယုဟန်သတိရပြီးပြန်ဖြေသည်။ "ဟုတ်ကဲ့၊ မေးပါခင်ဗျာ။"

"နံပါတ်၁၄က အမြဲတမ်းမိန်းကလေးတွေကို စိတ်မ၀င်စားပဲနေတတ်တာလား။"

ဖန်ယုဟန်က အလေးအနက်ပြန်ဖြေသည်။ "ဟုတ်ကဲ့။ ကျွန်တော့်အနေနဲ့ မိန်းကလေးတွေကို စိတ်ဝင်စားဖို့ မဖြစ်နိုင်ပါဘူး။"

စင်အောက်မှ ပရိတ်သတ်တွေဆီက အသံများထွက်လာသည်။ ဒီလူက ရိုင်းတာလားဆိုပြီး သံသယ၀င်လာကြသည်။

အမျိုးသမီးဧည့်သည်ရဲ့အမူအယာလည်းအေးစက်သွားပြီး သူ့ကိုမရွေးပဲ နံပါတ်၁၅ကိုရွေးကာ နှစ်ယောက် လက်ချင်းချိတ်ကာ ထွက်သွားကြသည်။

နောက်မှ ဖန်ယုဟန်ကငေးမောနေရင်းနဲ့ သူ့မီးကိုပိတ်ထားဖို့မေ့နေတာကို သိသွားသည်။

နံပါတ်၁၅စင်ပေါ်ကဆင်းသွားတော့ အစီအစဉ်အရ နောက်တစ်ယောက်ကို သူ့နေရာမှာ အစားထိုးမှာဖြစ်သည်။

ထုံးစံအတိုင်း အစီအစဉ်တင်ဆက်သူ က ပရိတ်သတ်စိတ်ဝင်စားမှုတက်လာအောင် ဆွပေးသည်။

ဖန်ယုဟန်က ၀မ်းနည်းတဲ့အမူအယာလုပ်ပြီးနေလိုက်သည်။ သူ့စိတ်ဝင်စားမှုက နည်းနည်းလေးမှတက်မလာ။

စိတ်လှုပ်ရှားစရာဂီတသံထွက်လာပြီး မီးတွေတစ်နေရာထဲကို ထိုးထားပြီးတဲ့နောက် နောက်ထပ်နံပါတ်၁၅တစ်ယောက် စင်ပေါ်တက်လာသည်။

စင်အောက်မှ မိန်းကလေးတွေရဲ့အော်သံတွေထွက်လာသည်။ "အားးး အရမ်းချောတာပဲ"

ဖန်ယုဟန်မျက်လုံးပြူးသွားသည်။ ဒီတစ်ခါတော့ သူဂျီဖန့်ထောင်ချောက်ထဲကျပြီဆိုတာ လုံးဝသေချာသွားပြီ။

လူတွေဝိုင်းကြည့်နေကြတဲ့ အမျိုးသားဧည့်သည် နံပါတ်၁၅က သူ့နေရာကို လျှောက်လာသည်။ သူ့ပုံစံက စူပါစတားတစ်ယောက်ရဲ့ဟန်ပန် အပြည့်ရှိသည်။

သူက ဖန်ယုဟန်ကို ရင်းရင်းနှီးနှီးလှမ်းနှုတ်ဆက်သည်။ "မင်္ဂလာပါ"

"ဘာမင်္ဂလာရှိရမှာလဲ။ နန်ကျန် မင်းရူးနေလား။"

နန်ကျန်က သူ့ကိုပြန်မေးသည်။ "မင်းကော"

ဖန်ယုဟန်စိတ်လျှော့လိုက်ကာ၊ "ငါတကယ်ရူးနေပြီ"

"မင်းရူးမယ်ဆို ငါလည်းမင်းနဲ့အတူတူလိုက်ရူးပေးမယ်"

ဖန်ယုဟန်စိတ်ထဲကနေ မကျေမနပ်ပြောမိသည်။ ဘာကိုရူးမှာလဲ။ ငါ့ကွယ်ရာမှာ ဂျီဖန်နဲ့ပေါင်းပြီးစီစဉ်ထားတာမှတ်လား။ မင်းတို့နှစ်ယောက်ပေါင်းပြီး ငါ့ကို ဒေါသထွက်ပြီးသေအောင်လုပ်နေတာမလား။

BL-ဖူးစာရှင်မဟုတ်ရင် ဒိုးပါ (translation, Zawgyi, Unicode)Where stories live. Discover now