အခန်း ၁-၂-၃-၄ (Unicode)

4.3K 325 0
                                    

အခန်း ၁

အရှေ့လေက တဖြူးဖြူးတိုက်နေသည်။ လေနှင့်အတူ နွေဦး၏အရသာကို ခံစားနိုင်သည်။

ဖန်ယုဟန်ကတော့ ဒီအရသာကို မခံစားနိုင်ဖြစ်နေသည်။ သူ့နှလုံးသားက ရေခဲခန်းထဲထည့်ထားသလို အေးစက်နာကျင်နေသည်။

သူ နန်ကျန်နဲ့ လမ်းခွဲလိုက်ပြီ။ သူတို့ ၆နှစ်လောက်တွဲခဲ့ပြီး ဒီနေ့လမ်းခွဲခဲ့ကြသည်။ နန်ကျန်ရဲ့ အရင်ရည်းစားက သူတို့ဘဝထဲ ပြန်ရောက်လာ၍ဖြစ်သည်။

သူ့အိပ်ကပ်ထဲမှ ဖုန်းထမြည်လာသည်။ နန်ကျန့်ဆီမှဖုန်းဖြစ်သည်။

ဖန်ယုဟန်ဖုန်းကိုဖြေလိုက်သည်။ နန်ကျန်များ နောင်တရလို့ ဖုန်းလှမ်းဆက်တာလား?

ဖုန်းထဲမှ စကားပြောသံသဲ့သဲ့ကိုကြားနေရသည်။

"နန်ကျန် ငါပြန်လိုက်ရင်ကောင်းမယ်ထင်တယ်။"

"ဘာလို့ပြန်မှာလဲ။ ထမင်းအရင်စားပါဦး။ မနက်ဖြန်မှပြန်ပေါ့။"

"ခုတောင်မင်းချစ်သူလေးက စိတ်ဆိုးနေပြီ။"

"သူနဲ့လိုက်တုမနေနဲ့၊ သူက ကလေးဆန်တယ်။"

ထို့နောက် နန်ကျန့်အသံဖုန်းထဲမှကြားရသည်။ "ဟန်လေး"

ဖန်ယုဟန် ပင့်သက်ရိုက်လိုက်သည်။ "Fuck off! မင်းတို့နှစ်ယောက်ပြောနေတာကို ကြားစေချင်လို့ တမင်ဖုန်းခေါ်တာမလား။ မင်းတို့နှစ်ယောက် လုပ်ချင်တာသာ လုပ်ကြ။ ငါ့ကိုထပ်မနှောင့်ယှက်နဲ့တော့။ လမ်းခွဲရအောင်။ မင်းရဲ့ ဖာဆန်တဲ့အရင်ရည်းစားနဲ့သာ ပျော်ပျော်ကြနေတော့! လူယုတ်မာ!"

နန်ချန် အသံကိုနှိမ့်ကာ ဒေါသသံဖြင့် "မင်းဘာတွေပြောနေတာလဲ၊ ချန်ယုက..."

"ဟုတ်ပါတယ်။ သူကဖာမဟုတ်ဘူး၊ ငါကသာ။ လွန်ခဲ့တဲ့ ခြောက်နှစ်လုံး မင်းဆီမှာ ဖာခံထားတာ ပိုက်ဆံကော ပေးရသေးရဲ့လား။" ဖန်ယုဟန် သက်ပြင်းများရှိုက်ကာ မျက်ရည်မကျအောင် အတင်းထိန်းထားသည်။ "တော်ပြီ၊ ငါမင်းဆီက ပိုက်ဆံလည်းမတောင်းတော့ဘူး၊ ငါ့ကိုလည်း ထပ်မဆက်သွယ်နဲ့တော့။ ငါတို့ပြတ်ပြီ။"

သူဖုန်းချကာ နံပါတ်ကို blacklist ထဲ ထည့်လိုက်သည်။ ဖုန်းချပြီးချိန်မှာ သူမထိန်းနိုင်တော့ပဲ မျက်ရည်များစီးကျလာသည်။ လမ်းပေါ်မှာ မတ်တပ်ရပ်နေရင်း သူငိုမိတော့သည်။ မျက်ရည်သုတ်ဖို့ အင်အားတောင် မရှိတော့။

BL-ဖူးစာရွင္မဟုတ္ရင္ ဒိုးပါ (translation, Zawgyi, Unicode)Where stories live. Discover now