အခန်း ၅
စိတ်ဓါတ်ကျတာ ဘယ်လိုများခံစားရလဲ။ ဖန်ယုဟန်ကတော့ စောင်ခြုံပြီးကွေးနေတာတောင် နည်းနည်းလေးမှ နွေးထွေးမှုကို မခံစားရဘဲ ဖြစ်နေသည်။
အရင်တုန်းက သူစိတ်ကောက်တဲ့အချိန်တိုင်း နန်ကျန်လိုက်လာကာ အိမ်ကိုပြန်ခေါ်သွားတတ်သည်။ သူ ဂျီဖန့်အိမ်ကိုရောက်နေရင်တောင် နန်ကျန် ၁ဝမိနစ်အတွင်း ရောက်လာတတ်သည်။
ဒီနေ့တော့ သူ့လူက ဘယ်တော့မှလိုက်လာမယ့်ပုံပေါ်တော့။
ဖန်ယုဟန်ကောင်းကောင်းအိပ်မပျော်နိုင်ဖြစ်နေသည်။
နောက်နေ့ရောက်တဲ့အချိန်အထိ နန်ကျန်ကသူ့ကို ဖုန်းမဆက်။
ဂျီဖန်ကဆံပင်ဆုတ်ဖွားနဲ့ အိပ်ခန်းထဲက ထွက်လာသည်။ မင်းတို့ နှစ်ယောက် ပြန်ပေါင်းမထုပ်သေးဘူးလား။
မျက်လုံးတွေ မို့အစ်နေပြီဖြစ်သော ဖန်ယုဟန်ကပြန်ပြောသည်။ "ငါတို့ ပြတ်သွားပါပြီဆို။ ပြတ်သွားပြီ။ ဘာလို့ ပြန်ပေါင်းထုပ်ရမှာလဲ။"
ဂျီဖန်က ခေါင်းကုပ်ပြီး အခန်းထဲပြန်ဝင်သွားသည်။ ပြီးတော့ application form တစ်ခုယူပြီး ပြန်ထွက်လာသည်။
"ဒါဘာလဲ။" ဖန်ယုဟန်က စာရွက်အထပ်ကြီးကို ကိုင်ရင်းမေးသည်။
"မင်းမှတ်မိသေးလား။ ငါတို့ရုပ်သံလိုင်းမှာ ဖူးစာရှင်လား ဆိုတဲ့ အစီအစဉ်တစ်ခုရှိတယ်။"
"အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ။" ဖန်ယုဟန် ဆိုဖာပေါ်ပြန်ပစ်လှဲပြီး မှိင်တွေနေပြန်သည်။
"အစီအစဉ်မှာ ဝင်ပါပြီးတော့ ရည်းစားရှာဖို့"
ငါက gay လေ။ ဘယ်လိုလုပ်မိန်းကလေးတွေနဲ့ တွဲနိုင်မလဲ။ ဖန်ယုဟန်နားမလည်နိုင်ဖြစ်နေသည်။
"မင်း မီးပိတ်ထားယုံပဲ။" ဂျီဖန်ကပြန်ပြောသည်။ ဒီလောက်လွယ်လွယ်လေးကို။
"အဲ့ဒါဆို ငါကဘာလို့ဝင်ပါရမှာလဲ။" ဖန်ယုဟန်က ဂျီဖန်ကို မကျေမနပ်ကြည့်ရင်းပြောသည်။
"မင်းက ဒီတိုင်း ဟန်ပြပါပေးရုံပဲ။ ပြီးခဲ့တဲ့ရက်တုန်းက အစီအစဉ်မှာပါနေကျ အမျိုးသားဧည့်သည်တစ်ယောက် မင်္ဂလာဆောင်သွားတယ်။ သူ့မိန်းမက အစီအစဉ်မှာ ထပ်မပါခိုင်းတော့ဘူး။ အဲ့ဒါကြောင့် ငါတို့ ဒီseason အတွက် ဧည့်သည်တစ်ယောက်လိုနေတယ်။"
![](https://img.wattpad.com/cover/194931161-288-k829752.jpg)
YOU ARE READING
BL-ဖူးစာရှင်မဟုတ်ရင် ဒိုးပါ (translation, Zawgyi, Unicode)
RomanceBL အရမ်းသ၀န်တိုတတ်တဲ့ ချစ်စရာbottomလေးနဲ့ စိတ်ရှည် သည်းခံတတ်တဲ့top Fuck Off Unless You're The One (非诚互扰) မူရင်းစာရေးဆရာ - Tan Suan (碳酸) English ဘာသာပြန်သူ - AlexPT (Blackbox Translation) Link - https://blackbox-tl.com/novels/foyo/