အခန်း ၃

2.9K 366 0
                                    

ဖန်ယုဟန်ရဲ့ ပထမဆုံးအကြိမ်က နန်ကျန်နဲ့ချစ်သူတွေဖြစ်ပြီး ၆လအကြာတွင်ဖြစ်သည်။

အဲ့ဒါမတိုင်ခင်က နန်ကျန်ဘာလို့သူနဲ့ အတူမအိပ်တာလဲလို့ သူနေ့တိုင်းစဉ်းစားမိသည်။ သူက စိတ်ဝင်စားစရာမကောင်းလို့လား။ ဒါမှမဟုတ် အစထဲက သူ့ကို တကယ်မကြိုက်တာများလား။

အတွေးပေါင်းစုံသူ့စိတ်ထဲမှာ ချာချာလည်နေသည်။ အတွေးတွေက သူ့ကို စိတ်ရှုပ်စေပေမယ့် နန်ကျန်ကိုတော့ အဲ့ဒီအကြောင်းနဲ့ပတ်သတ်ပြီး မပြောဖြစ်ခဲ့။ သူ့ဘက်က ဆန္ဒအရမ်းများနေတယ်လို့ နန်ကျန် ထင်မှာစိုးလို့ဖြစ်သည်။ အဲ့တုန်းကတည်းက ဂျီဖန်က သူ့မကျေနပ်ချက်တွေကို ရင်ဖွင့်စရာလူဖြစ်လာသည်။

သူ့ရင်ဖွင့်စကားတွေနဲ့ ဂျီဖန်လည်း နားတွေပူနေခဲ့သည်။ "အိပ်ရာပေါ်ရောက်ဖို့သာ နေ့တိုင်းစဉ်းစားနေတယ်။ ဘယ်လိုလုပ်ရမှာလဲကော မင်းသိလို့လား။"

"ငါမသိဘူးလို့ ဘယ်သူပြောလဲ။ ဒီတိုင်းပဲမဟုတ်ဘူးလား။" ဖန်ယုဟန်က ၀န်မခံချင်ဘူးဖြစ်နေသည်။

ဂျီဖန်ကသူ့ကို DVD တစ်ထပ်ပေးပြီး၊ "ပြန်ပြီးတော့ ဒီဟာတွေကိုကြည့်"

အိမ်ပြန်ရောက်တော့ ဖန်ယုဟန်က ကြုံရာတစ်ခုကိုကြည့်ဖို့ရွေးလိုက်သည်။ ဗီဒီယိုစတော့ နားကြပ်ကို မြန်မြန်တပ်လိုက်သည်။ ယောကျာ်းလေးချင်းကြားမှာက အဲ့လိုမျိုးလား။

ရှက်သွေးက သူ့မျက်နှာကနေ နားရွက်ဖျားအထိ ဖျာသွားသည်။ သူထပ်မကြည့်ရဲတော့။ နည်းနည်းရွံသလိုလည်း ခံစားရသည်။ နည်းနည်းတော့ ရွံစရာကောင်းပေမယ့် နန်ကျန်နဲ့ဆိုရင်တော့.. သူ... ။ သူသေချာစဉ်းစားကြည့်တော့ နန်ကျန်နဲ့သာဆို သူလက်ခံနိုင်တယ်လို့ ယုံကြည်သည်။ သူကြောက်တာတစ်ခုက နန်ကျန်လည်း ဒီအကြောင်းတွေသိပြီး ရွံလို့သာ သူနဲ့ ဘာမှမလုပ်ချင်တာများလား ဆိုတာဖြစ်သည်။

ဒါပေမယ့်လည်း သူတို့နှစ်ယောက်နောက်ဆုံးတော့ အဆင့်တက်သွားခဲ့သည်။ အမျိုးသားနေ့ပိတ်ရက်အတွင်း ဖန်ယုဟန် နဲ့ နန်ကျန် တို့ ယူနန်ပြည်နယ်မှာရှိတဲ့ ဂူကျန်မြို့ကို သွားလည်ကြသည်။

BL-ဖူးစာရှင်မဟုတ်ရင် ဒိုးပါ (translation, Zawgyi, Unicode)Where stories live. Discover now