အခန်း ၅

2.4K 336 4
                                    

စိတ်ဓါတ်ကျတာ ဘယ်လိုများခံစားရလဲ။ ဖန်ယုဟန်ကတော့ စောင်ခြုံပြီးကွေးနေတာတောင် နည်းနည်းလေးမှ နွေးထွေးမှုကို မခံစားရဘဲ ဖြစ်နေသည်။

အရင်တုန်းက သူစိတ်ကောက်တဲ့အချိန်တိုင်း နန်ကျန်လိုက်လာကာ အိမ်ကိုပြန်ခေါ်သွားတတ်သည်။ သူ ဂျီဖန့်အိမ်ကိုရောက်နေရင်တောင် နန်ကျန် ၁၀မိနစ်အတွင်း ရောက်လာတတ်သည်။

ဒီနေ့တော့ သူ့လူက ဘယ်တော့မှလိုက်လာမယ့်ပုံပေါ်တော့။

ဖန်ယုဟန်ကောင်းကောင်းအိပ်မပျော်နိုင်ဖြစ်နေသည်။

နောက်နေ့ရောက်တဲ့အချိန်အထိ နန်ကျန်ကသူ့ကို ဖုန်းမဆက်။

ဂျီဖန်ကဆံပင်ဆုတ်ဖွားနဲ့ အိပ်ခန်းထဲက ထွက်လာသည်။ မင်းတို့ နှစ်ယောက် ပြန်ပေါင်းမထုပ်သေးဘူးလား။

မျက်လုံးတွေ မို့အစ်နေပြီဖြစ်သော ဖန်ယုဟန်ကပြန်ပြောသည်။ "ငါတို့ ပြတ်သွားပါပြီဆို။ ပြတ်သွားပြီ။ ဘာလို့ ပြန်ပေါင်းထုပ်ရမှာလဲ။"

ဂျီဖန်က ခေါင်းကုပ်ပြီး အခန်းထဲပြန်ဝင်သွားသည်။ ပြီးတော့ application form တစ်ခုယူပြီး ပြန်ထွက်လာသည်။

"ဒါဘာလဲ။" ဖန်ယုဟန်က စာရွက်အထပ်ကြီးကို ကိုင်ရင်းမေးသည်။

"မင်းမှတ်မိသေးလား။ ငါတို့ရုပ်သံလိုင်းမှာ ဖူးစာရှင်လား ဆိုတဲ့ အစီအစဉ်တစ်ခုရှိတယ်။"

"အဲ့ဒါငါနဲ့ဘာဆိုင်လို့လဲ။" ဖန်ယုဟန် ဆိုဖာပေါ်ပြန်ပစ်လှဲပြီး မှိင်တွေနေပြန်သည်။

"အစီအစဉ်မှာ ၀င်ပါပြီးတော့ ရည်းစားရှာဖို့"

ငါက gay လေ။ ဘယ်လိုလုပ်မိန်းကလေးတွေနဲ့ တွဲနိုင်မလဲ။ ဖန်ယုဟန်နားမလည်နိုင်ဖြစ်နေသည်။

"မင်း မီးပိတ်ထားယုံပဲ။" ဂျီဖန်ကပြန်ပြောသည်။ ဒီလောက်လွယ်လွယ်လေးကို

(ဒီshowမှာ male guest တွေက စင်ပေါ်မှာ ဒီလိုစီထိုင်နေပြီး စင်ပေါ်တက်လာတဲ့မိန်းကလေးကို စိတ်ဝင်စားရင် သူတို့ရှေ့က မီးကိုဖွင့်ထားရပြီး စိတ်မ၀င်စားရင် မီးပိတ်ထားရတာပါ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(ဒီshowမှာ male guest တွေက စင်ပေါ်မှာ ဒီလိုစီထိုင်နေပြီး စင်ပေါ်တက်လာတဲ့မိန်းကလေးကို စိတ်ဝင်စားရင် သူတို့ရှေ့က မီးကိုဖွင့်ထားရပြီး စိတ်မ၀င်စားရင် မီးပိတ်ထားရတာပါ)

"အဲ့ဒါဆို ငါကဘာလို့ဝင်ပါရမှာလဲ။" ဖန်ယုဟန်က ဂျီဖန်ကို မကျေမနပ်ကြည့်ရင်းပြောသည်။

"မင်းက ဒီတိုင်း ဟန်ပြပါပေးရုံပဲ။ ပြီးခဲ့တဲ့ရက်တုန်းက အစီအစဉ်မှာပါနေကျ အမျိုးသားဧည့်သည်တစ်ယောက် မင်္ဂလာဆောင်သွားတယ်။ သူ့မိန်းမက အစီအစဉ်မှာ ထပ်မပါခိုင်းတော့ဘူး။ အဲ့ဒါကြောင့် ငါတို့ ဒီseason အတွက် ဧည့်သည်တစ်ယောက်လိုနေတယ်။"

"ဒီလူက မင်္ဂလာပဲဆောင်ပြီးနေပြီ၊ ဘာလို့ဒီလိုအစီအစဉ်မျိုးမှာ ထပ်ပါချင်နေသေးတာလဲ။ ဟိုလူယုတ်မာနန်ကျန်လိုပဲ ဖောက်ပြန်ချင်နေတာလား"။ နန်ကျန်အကြောင်းပြောမိတော့ ဖန်ယုဟန်ဒေါသထပ်ထွက်မိသည်။

"ဟေ့ကောင်၊ ပိုက်ဆံရှိပြီး အရပ်လည်းရှည်၊ ရုပ်လည်းချောတဲ့ ယောက်ျားလေးဧည့်သည်မျိုးက ရှာဖို့မလွယ်ဖူးကွ။ ဒီလိုပဲ ငါတို့ကြံဖန်ပြီးလုပ်ရတာပဲ၊ လူကြည့်နှုန်းတက်အောင်လေ။"

"အဲ့ဒီ့တော့"

"မင်းပေါ်ပဲမူတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်လူကတော့ ရှာတွေ့သွားမှာပဲ။ ငါမင်းကိုပါစေချင်တာက မင်းဆိုရင် မနက်ဖြန်လာလို့ရတယ်။ မနက်ဖြန်ဆို ငါတို့ seasonအသစ်စတော့မှာလေ။ မင်းလာမယ်ဆိုရင် နန်ကျန်ငါတို့ အစီအစဉ်ကိုကြည့်ဖြစ်သွားအောင် ငါသိမ်းသွင်းပေးမယ်။ မင်းစင်ပေါ်မှာ ကောင်းကောင်းသရုပ်ဆောင်ပြပြီး သူ့ကို သေလောက်အောင် မကျေမနပ်ဖြစ်အောင်လုပ်လို့ရတယ်။"

"အခုအချိန်သူကျေနပ်နေတာကို မင်းသိရဲ့သားနဲ့။ သေလောက်အောင်မကျေမနပ်ဖြစ်အောင်လား။ ငါပဲဖြစ်လိမ့်မယ်။"

"အဲ့ဒါဆိုလည်းထားလိုက်တော့။ ငါတခြားတစ်ယောက်ပဲရှာလိုက်တော့မယ်။" ဂျီဖန်က လျှောက်လွှာကို ပြန်ယူဖို့လုပ်သည်။

"နေဦး။" ဖန်ယုဟန်က application form ကိုကြည့်ရင်း မေးသည်။ "မင်း ငါဝင်ရိုက်မယ့်အပိုင်းကို နန်ကျန်ကြည့်ဖြစ်အောင် တကယ်လုပ်နိုင်လား။"

"ငါ့စကားသာနားထောင်စမ်းပါ။ ငါ့မှာနည်းလမ်းရှိပါတယ်။ ဒီကောင်မကျေမနပ်ဖြစ်အောင်လုပ်ကြစို့။" ဂျီဖန်ကယုံကြည်ချက်အပြည့်နှင့်ပြောသည်။

ဖန်ယုဟန်က ဂျီဖန်ရဲ့ အခြေအမြစ်မရှိတဲ့ ယုံကြည်မှုကို နည်းနည်းတော့ လန့်မိသည်။

သူဝင်ခွင့်လျှောက်လွှာကို ဖြစ်သလိုဖြည့်ပြီး ဂျီဖန်ကို ပြန်ပေးလိုက်သည်။ "ငါ့ background ကိုပြောရင် CEOတို့ ဘယ်သူဌေးရဲ့သားတို့ လျှောက်မပြောနဲ့။ ဒီတိုင်း လူငယ်အနုပညာရှင်ဆို ရပြီ။"

ဂျီဖန်က အေးအေးဆေးဆေးပင်လက်ခံလိုက်သည်။

BL-ဖူးစာရှင်မဟုတ်ရင် ဒိုးပါ (translation, Zawgyi, Unicode)Where stories live. Discover now