အခန်း ၇

2.5K 385 1
                                    

သေချာတာကတော့ အသစ်ရောက်လာတဲ့တစ်ယောက်က အမျိုးသမီးဧည့်သည်တွေအတွက်ကော ပရိတ်သတ်တွေအတွက်ပါ ပိုပြီးစိတ်ဝင်စားစရာဖြစ်နေသည်။

အထူးသဖြင့် နန်ကျန်က လူကြီးလူကောင်းဆန်ပြီး ကြင်နာတဲ့ပုံပေါက်သည်။ ဆွဲဆောင်မှုကလည်း အပြည့်ရှိသည်။

သူက အားလုံးရဲ့ ပစ်မှတ်ဖြစ်လာသည်။ နောက်ထပ်လာတဲ့ မိန်းကလေးလေးယောက်လုံးက သူနဲ့ပတ်သတ်တဲ့ မေးခွန်းတွေ မေးကြသည်။

ဖန်ယုဟန် နန်ကျန်ကို မကျေမနပ်မျက်စောင်းထိုးကာ ဂျီဖန်ကို စာလှမ်းပို့လိုက်သည်။ "မင်းရူးနေလား"

ဂျီဖန် - "အန်.. ငါထင်တာက အဲ့ဒါက.."

ဖန်ယုဟန် - "အဲ့ဒါက ဘာဖြစ်လဲ။ မင်းငါ့ကို ထောင်ချောက်ဆင်တယ်။"

ဂျီဖန် - "အဲ့ဒါက... လူကြည့်နှုန်းမြင့်လာနိုင်တယ်။"

ဖန်ယုဟန် - "လဲသေလိုက်"

ဖန်ယုဟန် နန်ကျန်ကို မရှိသလိုနေဖို့ကြိုးစားသည်။

လောလောဆယ် နန်ကျန်က အမျိုးသမီးဧည့်သည် နံပါတ်၈နှင့် စကားပြောနေသည်။ သူဘေးကနေသာ သ၀န်တိုစွာနဲ့ကြည့်နေရသည်။

မိန်းကလေးနံပါတ်၈က ဖန်ယုဟန်ဘက်လှည့်ပြီးမေးသည်။ "နံပါတ်၁၄က နံပါတ်၁၅နဲ့ ပြဿနာများရှိလား။ ရှင့်အမူအယာက နံပါတ်၁၅အပေါ် ရင်းရင်းနှီးနှီးမရှိသလိုပဲ။"

ဖန်ယုဟန်နည်းနည်းကြောင်သွားသည်။ "အမ်..အန်.. ဒါက."

နန်ကျန်ကိုအရှက်ကွဲအောင်လုပ်ပြီး သူ့ဒေါသကို ဖြေရမလား။

မဟုတ်သေးဘူး။ ဘာပဲဖြစ်ဖြစ် နန်ကျန်ကတစ်ချိန်တုန်းက သူ့ရည်းစားပဲ။

ရည်းစားဟောင်းကို သိက္ခာကျအောင်လုပ်ရင် သူပါသိက္ခာကျမသွားဘူးလား။

သူတစ်နိုင်ငံလုံးရဲ့အရှေ့မှာတော့ သိက္ခာအကျမခံနိုင်ဘူး။

သူမိုက်ကိုကိုင်ပြီး ပြန်ဖြေလိုက်သည်။ "နံပါတ်၁၅က အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ ကျွန်တော်တို့က သူငယ်ချင်းတွေပါ။ ကျွန်တော်တို့ကြားမှာ ဘာပြဿနာမှမရှိပါဘူး။"

BL-ဖူးစာရှင်မဟုတ်ရင် ဒိုးပါ (translation, Zawgyi, Unicode)Where stories live. Discover now