Chapter 3

25.4K 1.2K 55
                                    

[Unicode]

''''' နှောင်ကြိုးငယ်အား ကြိုဆိုခြင်း ၁ '''''

ငှက်ကလေးများ၏ တကျီကျီအသံကြောင့် တိမ်လွှာနန်းမြိုင်ကြီး၏ မနက်ခင်းသည် အသက်ဝင်၍လာခဲ့သည်။

တိမ်လွှာနန်းမြိုင်၏ တစ်နေရာ ငြိမ်းဆောင်ထဲတွင် အိပ်စက်အနားယူနေသော လန်၀မ်ကျီ၏ပယင်း‌ ရောင်မျက်လုံးများ ပွင့်လှပ်လာသည်

နဘေးသို့စောင်းငဲ့ကြည့်သောအခါ ငြိမ်းချမ်းစွာအိပ်စက်အနားယူနေသော ကြင်သူသက်ထားလေးသည် နေထွက်သည်ကိုပင်မသိ နေဝင်သည်ကိုပင်အမှုမထား၊ အေးချမ်းစွာအိပ်စက်နေလေသည်

ငါးလ‌ ကျော် ခြောက်လအရွယ် ဝမ်းဗိုက်ကလေးက ဖောင်းကားနေလျက်ရှိသည်။

ဗိုက်လေးပူလာသောကြောင့် ခါးစည်းကြိုးကို ခါးထက်တွင်မစည်းနိုင်တော့ဘဲ ရင်ခေါင်းထက်တွင်သာစည်းထားသော ရီလင်းအကြီးအကဲသည် ဗိုက်ပူပူလေးနှင့် ချစ်ဖွယ်အတိ ဖြစ်သည်

ဤငါးလအတွင်းဝေဝူရှန့်သည် မစားနိုင်မအိပ်နိုင်ဖြစ်ကာ ဝမ်းဗိုက်ကလေး ကပင် လန်ဝမ်ကျီ၏ အမျိုးစုံလှသော ဟင်းချက်လက်ရာတို့ဖြင့် ဖောင်း ကားနေတော့သည်။ မနိုးရင်လည်း အိပ်ယာမှမထပေ။

ဝမ်းဗိုက်ထဲမှ လန်သားပေါက်လေးအား ညင်သာစွာအနမ်းပေးလိုက်သည်။ ထို့နောက်အချစ်တော် ဝေဝူရှန့်အား နဖူးလေးကို အသာအယာငုံ့နမ်းလိုက်သည်၊

" ဟင့် အင်း:::::: လန်ကျန့်"

" ဝေ့ရင် ထတော့လေ "

" အွန်း အွန်း ထမယ် ထမယ် ခဏလေး "

ဝေ့ရင်သည် ဟိုဘက်လှည့်ကာ အိပ်ပျော်သွားပြန်သည်

ဝေ့ရင်ကို ဒီလိုနှိုး၍ မရမှန်း လန်ဝမ်ကျီသိသည်
သို့သော် ဒီနေ့မနက်တွင် တိမ်လွှာနန်းမြိုင်၏ လန်မိသားစုမိတ်ဆုံစားပွဲရှိသည်

ဦးရီးတော်က ဝေ့ရင်ကိုပါ ခေါ်ခဲ့ဖို့ ပြောလိုက်သည်။ ထို့ကြောင့် ဝေ့ရင် အဆင်သင့်ဖြစ်စေရန် ပြုလုပ်ပေးထားရမည်

လန်ဝမ်ကျီသည် အိပ်ယာမှထ၍ ဝေ့ရင် ရေချိုးရန် ပြင်သည်
အားလုံးပြင်ဆင်ပြီးသော အခါက်မှသာ သူ၏ချစ်သူဗိုက်ပူပူလေးထံသို့ လာခဲ့သည်

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Where stories live. Discover now