Chapter 5

12.1K 907 50
                                    

[unicode]

''''' နှောင်ကြိုးငယ်အား ကြိုဆိုခြင်း ၃ '''''

မိသားစု စုံညီစားပွဲအပြီး ညအချိန်တွင်

" ဝေ့ရင် ညစာ စားရအောင် "

" ဟင့်အင်း လန်ကျန့် ငါ မစားတော့ဘူး "

" ဘာဖြစ်လို့လဲ ဝေ့ရင် "

လန်ဝမ်ကျီမှာ စားပွဲတွေပြင်နေရင်းနေရာမှထကာ ဝေဝူရှင်းထိုင်နေသော ကုတင်ပေါ်သို့ ဖြေးညင်းစွာ ထိုင်လိုက်သည်
ပြီးနောက် ဝေဝူရှင်း၏နဖူးပြင်ကို စမ်းပြီး

" နေမကောင်းလို့လား ဝေ့ရင် "

" မဟုတ်ပါဘူး  ဟို.....ဟိုလေ ငါ့ဗိုက်က တစ်နေ့တစ်ခြားကြီးကြီးလာလို့ အစားလေးနဲနဲလောက်လျှော့ရင် ကောင်းမလားလို့  ဟင့်.....ဟင့်...နောက်ဆို ငါလမ်းတောင် လျှောက်နိုင်တော့မှာမဟုတ်ဘူး ....ဟင့်...."

ရုတ်တရက်ထငိုသော ဝေဝူရှင်းကြောင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း
လန်ဝမ်ကျီသည် ဝေဝူရှင်းကိုရင်ခွင်ထဲ၌ခေါင်းလေးမှီစေပြီး ဆံနွယ်လေးတွေကို ဖွဖွလေးပွတ်ပေးကာ

" ငိုစရာ မဟုတ်ဘူး ဝေ့ရင် "

" ပြီးတော့......ဟင့်...ငါ့ကို ....ဟင့်....ငါ့ကိုမင်း မချစ်တော့ရင် ဘယ်လိုလုပ်မလဲ အီးးးးဟီးးးး ငါဘယ်လိုနေရတော့မှာလည်း "

" ဝေ့ရင် "

လန်ဝမ်ကျီသည် ရင်ခွင်ထဲမှတအီအီရှိုက်နေသော အနှီကောင်လေးကို ရင်ခွက်ထဲမှထုတ်ပြီး မျက်ရည်များနှင့်ပေတူးနေသော မျက်နှာလေးကို ခပ်ဖွဖွလေးထိကိုင်ကာ

" ဘယ်တော့မှ အဲ့လိုမဖြစ်စေရဘူး "

တိကျပြတ်သားတဲ့အသံနဲ့ အမိန့်ဆန်ဆန်ကတိပေးစကားကြောင့် ဝေဝူရှင်းမှာ ငြိမ်သက်သွားသည်

ဝေဝူရှင်း အကြွင်းမဲ့ ယုံပါသည်

လန်ဝမ်ကျီသည် မိမိတစ်ယောက်ထဲသာ ချစ်မြတ်နိုးသူ၊ မိမိတစ်ယောက်ထဲကိုသာ အလိုလိုက်အကြိုက်ဆောင်သူ၊ မိမိတစ်ယောက်ထဲသာ ပိုင်ဆိုင်ထားသည့်သူဆိုတာ

ဝေဝူရှင်းသည် လန်ဝမ်ကျီအား တင်းကြပ်စွာ ပြန်ဖက်ထားလိုက်သည်

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Nơi câu chuyện tồn tại. Hãy khám phá bây giờ