Chapter 1

6.8K 346 5
                                    

[Unicode]

             ''''' နှောင်ကြိုးငယ်လေး '''''
     

" ဝေယဉ် "

ညင်သာပြီး သာယာတိုးညှင်းသောအသံကြောင့် မျက်လုံးကလေး ပုတ်ခတ်ပုတ်ခက်ဖြစ်လာတယ်

" နိုးပြီလား "

" အင်း လန့်ကျန့် စာသင်ဆောင်မသွားဘူးလား"

" ဟင့်အင်း"

" ဘာဖြစ်လို့လဲ ငါနဲ့နေချင်လို့လား လန်ကျန့်"

" အင်း"
မထင်မှတ်ထားသောစကားသံများကြောင့် ဝေဝူရှင်းအံ့သြသွားတယ်၊ လန်ဝမ်ကျီအားပြုံးပြပြီး
လန်ဝမ်ကျီ့ရဲ့ ရင်ခွင်ထဲမှာမှီနေရင်း ထပ်မံအိပ်ပျော်သွားပြန်တယ်

လန်ဝမ်ကျီက သူ၏ရင်ခွင်နန်းတော်ထဲမှာ အေးချမ်းစွာ အိပ်စက်အနားယူနေတဲ့ ကြင်သူသက်ထားလေးအားငေးကြည့်နေမိသည်

ကြင်သူသက်ထားလေးသည် ယခင်တုန်းကနဲ့မတူ။ အစားလည်းနည်းလာသည် ၊အစားနည်းလာသောကြောင့် ပိန်ပါးလှသောခန္ဓာကိုယ်ငယ်လေးသည် အားနည်းဖျော့တော့လာသည်

မိမိသည်အလွန်အမင်းစိတ်ပူလွန်းအားကြီးစွာ သူကြိုက်နှစ်သက်သည့် ဟင်းလျာများကို ချက်ပြုတ်ကျွေးသော်လည်း ခံတွင်းမတွေ့

တစ်လုပ်စားလျှင် တစ်လုပ်စာအန်ချသည်
နှစ်လုပ်စားလျှင် နှစ်လုပ်
သုံးလုပ်စားလျှင် သုံးလုပ်နှင့် ခန္ဓာကိုယ်လေးက မည်သည့်အစားအစာကိုမှလက်သင့်မခံနိုင်

အမြဲတမ်းပင် အိပ်စက်နေတတ်သည်
ထို့ကြောင့် ဒီနေ့ စာသင်ဆောင်တောင်မသွားနိုင်ဘဲ ဝေဝူရှင်း၏ ဘေးတွင် အဖော်ပြုသည်

အတန်ကြာသောအခါ ကြင်နာသူလေးသည် ကျောပူလာ၍ လွန့်လူးလာချေပြီ။လန်ဝမ်ကျီက နှစ်ကိုယ်သာကြားနိုင်မည့် အသံကိုပြု၍

" ဝေယဉ် မင်းနိုးပြီလား "

" အင်း နိုးပြီ လန်ကျန့်"

" ဘာစားချင်လဲ"

" ဘာမှမစားချင်ဘူး၊ လန်ကျန့် ငါရင်တွေပြည့်နေတယ်"

" မင်းတစ်ခုခုစား၊ မဟုတ်ရင်ဆေးခါး......."

ထိုသံကိုကြားလိုက်သည်နှင့်ဝေယဉ် မျက်လုံးပြူးသွားတယ်။ မိမိလောကတွင်အကြောက်ဆုံးမှာ ခွေးနှင့် ဆေးခါးတို့သာ

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Donde viven las historias. Descúbrelo ahora