Chapter 16

6K 421 47
                                    

[Unicode]

            ''''' ဘေဘီဖုတ်နဲ့ တွေ့ဆုံခြင်း '''''

တိမ်လွှာနန်းမြိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
လန်ဝမ်ကျီနဲ့ ဝေဝူရှင်းတို့နေထိုင်ရာ ငြိမ်းဆောင် အပါအဝင်ပေါ့

အဘယ်‌့ကြောင့်ဆိုသော် လန်ဝမ်ကျီတစ်ယောက်စာသင်သွားနေတုန်း အသံလုံသော အကာအကွယ်စည်းချထားခဲ့၍ပင်ဖြစ်သည်။

လမ်းလျှောက်တတ်နေပြီဖြစ်သော လန်ပေါက်စနှစ်ကောင် ကတော့ တတောက်တောက်နဲ့ ပြေးလွှားနေသည်။

သူ့ကိုပတ်ကာ ပြေးနေကြသော လန်ရီနဲ့ လန်အာကို ဝေဝူရှင်း မေးစေ့ထောက်ကာ ငုတ်တုတ်ထိုင်ကြည့်နေသည်။

" အိုက်ယားးး တော်ပြီ တော်ပြီလေ မျောက်မူးလဲလေးတွေ ငါမူးပြီးလဲတော့မယ် "

လန်ရီလေးက ‌ဝေဝူရှင်းပေါင်ပေါ်ထိုင်ကာ ရင်ခွင်ထဲဝင်လာခဲ့သည်။ လန်အာကတော့ ရင်ခွင်ထဲတွင် နေရာယူနေသော လန်ရီကို တွန်းချသည်။

တွန်းချ၍မနိုင်သော လန်အာက လန်ရီရဲ့ ဆံပင်နဲ့အတူ နှဖူးစည်းကိုဆောင့်ဆွဲသည်။

နဖူးစည်းကို အသက်လိုသဘောထားသော လန်ရီလေးက နဖူးစည်းနဲ့အတူ တစ်ကိုယ်လုံးပါလာသည်။

ထို့နောက် လန်ရီက လက်သေးသေးလေးတွေနဲ့ လန်အာရဲ့ ကျောကို ခပ်စပ်စပ်ရိုက်တော့သည်။

လန်အာကတော့ နဖူးစည်းကို ကျွတ်ကျသွားအောင် တမင်သက်သက်အနာခံပြီးတော့ကို စသည်။

ဒီအတိုင်းကြည့်ဖို့တောင် ပျင်းနေသော ဝေဝူရှင်းက ရန်ဖြစ်နေသော သူတို့နှစ်ယောက်ကို ဘယ်တစ်ယောက် ညာတစ်ယောက်ဆွဲကာ ခွာလိုက်သည်။

" ဒီမှာ ဒီမှာ လန်ရီနဲ့ လန်အာ ရန်မဖြစ်ရဘူးနော် "

ဝေဝူရှင်းစကားလည်း ဘယ်သူကမှ နားမထောင်ပါ။
လန်ရီက သူ့နဖူးစည်းကို သူပြန်နေရာချနေရင်း လန်အာက စားပွဲပေါ်တင်ထားတဲ့ သူ့ပုလွေနက်နက်လေးကို စိတ်ဝင်တစားကြည့်နေသည်။

သူတို့က သူတို့အဖေ လန်ဝမ်ကျီကိုသာ အသက်ရှိလို့ထင်နေကြတာတော့ သူလက်ခံသည်။

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Où les histoires vivent. Découvrez maintenant