Chapter 11

10.9K 932 70
                                    

[unicode]

''''' တစ်နှစ်ပြည့် မွေးနေ့ပွဲ ၁ '''''

တိမ်လွှာနန်းမြိုင်၏ ညဘက်အချိန်တွင်ရာသီစက်ဝန်းတစ်ပတ်ပြန်လည်လာသော ဆောင်းဦးလေအေးလေးများတိုက်ခတ်နေလေပြီ

လန်ရီနှင့် လန်အာသည်လည်း တစ်နှစ်ပင်ပြည့် ရော့မည်

ဆောင်းလေအေးအေးလေးနှင့် ဘေးမှာလူရှိမနေသောခံစားချက်ကြောင့် လန်အာ နဖူးစည်းကြိုးကို ကိုက်ကာနိုးလာသည်၊ သို့သော် သူ့ဘေးနားတွင်လန်ဝမ်ကျီမရှိ၊ ချက်ချင်းပင် ငုတ်တုပ်ထထိုင်လိုက်သည်

သူ၏ဘေးတွင်အိပ်နေသူမှာ လန်ရီဖြစ်ပြီး လန်ရီမှာလည်း နို့အမှတ်နှင့် သူ၏လက်မလေးကိုဆုပ်ကာ အိပ်နေလေသည်၊

လန်ရီရဲ့ဘေးကို ကြည့်လိုက်တော့ လန်အာမှာ အလိုမကျဟန် နှုတ်ခမ်းများဆူထွက်သွားသည်

အကြောင်းမှာ....
Diedie လန်ဝမ်ကျီ၏လက်ပေါ် Papa ဝေဝူရှင်းကခေါင်းအုံးပြီးတင်းကြပ်စွာ ဖက်ထားသည်။Diedie ကလည်း Papa ကိုရင်ခွင်ထဲဆွဲသွင်းပြီး ပြန်ဖက်ထားသည်၊ အကျီၤတွေလည်းမဝတ်ထားကြဘူး. . . . . . . .

လန်အာသည် ဝေဝူရှင်းနေရာရောက်နေပြီး ဝေဝူရှင်းကတော့ လန်ဝမ်ကျီရင်ခွင်ထဲရောက်နေသည်

လန်အာသည် နဖူးစည်းကြိုးကို ကိုင်ကာလန်ရီကိုကျော်ပြီး နှစ်ယောက်စလုံးပေါ်ခွထိုင်လိုက်သည်၊

လန်အာလည်း လန်ဝမ်ကျီနှင့် ဝေဝူရှင်းတို့နှစ်ယောက် ဖက်အိပ်နေသည့်ကြားထဲအတင်းဝင်တိုးသည်

သို့သော် ထိုနှစ်ယောက်မှာ လေပင်တိုးမပေါက်လောက်အောင်ကပ်နေသောကြောင့် အချည်းအနှီးပင်. . . . . . . လန်အာသည် လန်ဝမ်ကျီပေါ်မှထပ်လျက်ပင် ပြန်အိပ်လိုက်တော့သည်

မနက်မိုးမလင်းခင်လောက်မှာ လန်ဝမ်ကျီကလေးငိုသံတစ်ခုကြောင့် မျက်လုံးများပွင့်လာသည်

ညတုန်းက ဝေဝူရှင်းသည် ကလေးများသိပ်ပြီးအကြာတွင် သူ၏နဖူးစည်းကြိုးကိုလာဖြုတ်သည်
သူ၏နဖူးစည်းကြိုးနှင့်အတူ လန်အာကို သူ့နေရာရွှေ့လိုက်သည်

လက်မလေးစုပ်နေသော လန်ရီကိုလည်း လက်ညှိးထိုးပြသည်၊ ပိုင်တယ်မလားဆိုသည့် သဘောနှင့် လက်မလေးထောင်ပြသည်

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)حيث تعيش القصص. اكتشف الآن