Chapter 15

6.2K 619 42
                                    

  [unicode]

                ' နှစ်သစ်ကူး ပွဲတော် ၂ '

လန်ဝမ်ကျီ လန်ချီရမ်နဲ့ ဂိုဏ်းကိစ္စတွေဆွေးနွေးပြီး ခန်းမဆောင်မှပြန်လာခဲ့သည်။

ငြိမ်းဆောင်ရဲ့တံခါးချက်ကိုဖွင့်လိုက်ပမယ့် အရင်လိုကြိုဆိုမယ့် အိမ်သူသက်ထား သားသားတို့ရဲ့ပါပါးကိုမတွေ့ရပေ။

" ဝေ့ရင် "

ဝေဝူရှင်းကတော့ လန်ရီလန်အာတို့နဲ့အတူ ကုတင်ပေါ်မှာ အိပ်ပျော်နေခြင်းဖြစ်သည်။

" ဝေ့ရင် "

လန်ဝမ်ကျီက လေသံဖွဖွလေးပေးလိုက်သည်။

" အင်းးး လန်ကျန့် အခုမှပြန်ရောက်တာလား "

ဝေဝူရှင်းက လက်နှစ်ဖက်ကိုအပျင်းကြောဆန့်ရင်းမေးလိုက်သည်။ လန်ဝမ်ကျီပြန်လာရင် နှစ်သစ်ကူးပွဲတော်သွားဖို့ ဘယ်လိုပူဆာရမလဲ စဉ်းစားနေတာဖြစ်ပြီး ဦးနှောက်လေးလာ၍ အိပ်ပျော်သွားခြင်းသာဖြစ်သည်။

" အင်း "

" လန်ကျန့် ဒီနေ့ဘာနေ့လဲ သိလား "

ဝေဝူရှင်းက အပြုံးချိုချိုလေးနဲ့မေးလိုက်သည်။ လန်ဝမ်ကျီက အသံမပြုဘဲခေါင်းငြိမ့်ပြလိုက်သည်။ ဝေဝူရှင်းဘာပြောမလဲဆိုတာ သူ့မှာ သိနေသလိုလို ပင်။

" ဒီနေ့က နှစ်သစ်ကူးတဲ့နေ့လေ သိလား "

လန်ဝမ်ကျီက ခေါင်းသာပြန်ငြိမ့်ပြသည်။ သူထောက်ခံအသံမပြုရဲပေ။

" လန်ကျန့်ရာ စကားပြောလေ "

" မ..သွား..ရ..ဘူး "

" လန်ကျန့် ဒီနေ့ မြို့ပေါ်မှာ ပွဲဈေးကြီးရှိတယ်တဲ့လေ "

" မ ရ ဘူး လူရှုပ်တယ် "

" ဟွန့် "

ဝေဝုရှင်း နှုတ်ခမ်းဆူကာ စာကြည့်စားပွဲပေါ်သွားထိုင်နေလိုက်သည်။

ဟန်ကွမ်ကျွင်း ဟန်ကွမ်ကျွင်း
အနုနည်းနဲ့ပြောလို့မရပါလား

လန်ဝမ်ကျီက ဝေဝူရှင်းကို မကြည့်ဘဲ မီးဖိုဆောင်ထဲသာဝင်သွားသည်။ အတော်အတန်ကြာမှပြန်ထွက်လာခဲ့သည်။ လက်ထဲမှာလည်း ခွက်တစ်ခွက်နဲ့။

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Nơi câu chuyện tồn tại. Hãy khám phá bây giờ