Chapter 12

7.9K 682 62
                                    

[unicode]

''''' တစ်နှစ်ပြည့် မွေးနေ့ပွဲ ၂ '''''

တိမ်လွှာနန်းမြိုင်၏ ခန်းမဆောင်ထဲတွင် မိသားစုစုံညီပွဲနှင့်အတူ လန်ညီနောင်နှစ်ယောက်၏ တစ်နှစ်ပြည့်မွေးနေ့ပွဲကို ကျင်းပမည်ဖြစ်သောကြောင့် လန်ဂိုဏ်းသားများအစုအဝေးနေရာယူနေကြသည်. . . . .

လန်အာလေးကတော့ လန်ဝမ်ကျီလက်ပေါ်မှာနေပြီး ခေါင်းလေးတစ်လည်လည်နှင့် အရာအားလုံးကို လိုက်စူးစမ်းကာ နေသည်. . . . .

လန်ရီလေးကတော့ လန်ရှီးချန်ရဲ့ အပေါ်မှာ ဣန္ဒြေကြီးတစ်ခွဲသားနှင့် ငြိမ်သက်စွာ နေနေလေသည်

ဝေဝူရှင်းကတော့ စစ်ကျွေးတို့လေးယောက်နဲ့ ဘယ်လိုက်သွားလို့သွားမှန်းမသိ.....

ထိုအချိန်တွင် ကျန်းဂိုဏ်းချုပ် ကျန်းချန်တစ်ယောက်လည်း တူတော်မောင်လေးများ၏ မွေးနေ့ပွဲသို့တတ်ရောက်သည်

ခန်းမဆောင်၏ အပေါက်ဝတွင် လန်ရီလေးကိုချီကာ ရပ်နေသော လန်ရှီးချန်ကို မြင်တော့ မနှုတ်ဆက်လို့လည်းမရတာကြောင့် အင်တင်တင်နှင့် နှုက်ဆက်လိုက်ရသည်

" ကျန်းဂိုဏ်းချုပ်ကို မလာဘူးလို့တောင်ထင်နေတာ "

" ကျုပ်တူတွေရဲ့မွေးနေ့ပွဲပဲ ကျုပ်လာရမှာပေါ့ ဇယ်ဝူကျွင်း "

" ဟားဟား ကျွန်တော်ကအလုပ်ရှုပ်နေတော့မလာနိုင်တော့ဘူးလားလို့ပြောတာပါ ကျန်းဂိုဏ်းချုပ်အထင်မလွဲပါနဲ့ "

အသားလွတ်ရယ်မောနေတဲ့ လန်ရှီးချန်ကို ကျန်းချန်ဘာမှမပြောလိုတော့. . . . . . .

လန်ရှီးချန်လက်ထဲက လန်ရီလေးက ကျန်းချန်ကို မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေတာမို့ ခေါ်ဖို့ လက်လှမ်းလိုက်သည်

လန်အာလေးက သိပ်ကဲလွန်းတော့ ကျန်းချန်နဲ့နဲနဲအကြောမတည့်ပမယ့် အနေအေးတဲ့ လန်ရီလေးနဲ့တော့ အဆင်ပြေသည်ဟုထင်ရသည်

လက်လှမ်းလိုက်တော့ လန်ရီလေးက ကျန်းချန်လက်ထဲပါလာသော်လည်း လန်ရှီးခန်၏ နဖူးစည်းစကို မလွှတ်တမ်းဆုပ်ကိုင်ထားသဖြင့် လန်ရှီးချန်ပါ ပါလာသည်

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Nơi câu chuyện tồn tại. Hãy khám phá bây giờ