Chapter 10

11.1K 971 130
                                    

[unicode]

''''' လန်ဝမ်ရိ နှင့် လန်ဝမ်အာ '''''

ဝေဝူရှင်းသည် ကလေးမွေးထားသောကြောင့်  သဘာဝအလျောက်နို့ထွက်သော်လည်း ယောက်ျားခန္ဓာကိုယ်ဖြစ်သည့်အတွက် အဆင်တော့မပြေလှချေ။

နို့တိုက်ရာတွင် လန်အာကိုအရင်တိုက်ရသည်
ပြီးမှ လန်ရီကိုတိုက်ရသည်

အဘယ့်ကြောင့်ဆိုသော်
ညဘက်အိပ်သည့်အခါတွင် လန်ရီသည် ဝေဝူရှင်း၏ရင်ခွင်ထဲတွင်သာ အိပ်ပြီး နို့နှင့်ပါးစပ်နှင့်လွတ်ပါက အလိုအလျောက်ပွင့်သော မြစိမ်းရောင်မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသူဖြစ်သည်

လန်အာကမူ အိပ်လျှင် လန်ဝမ်ကျီ၏ နဖူးစည်းကြိုးကို တမြုံ့မြုံ့ဝါးရင်း အိပ်တတ်သူဖြစ်သည်။ နဖူးစည်းကြိုးနှင့် ပါးစပ်နှင့်လွတ်ပါက အလိုအလျောက်ပွင့်တတ်သော မြစိမ်းရောင် မျက်လုံးပိုင်ရှင်လည်းဖြစ်ပေသည်။

အကြောင်းမသိခင် ယခင်သုံးလေးလကမူ ညလုံးပေါက်မအိပ်ရ။ တစ်ယောက်ကအိပ်လျှင်တစ်ယောက်ကနိုး၊ နိုးတဲ့တစ်ယောက်က အိပ်တော့မည်ဆို တစ်ယောက်ကငို.....

ဝေဝူရှင်းနှင့် လန်ဝမ်ကျီပင် အိပ်ရေးပျက်သည်မဟုတ်။ တိမ်လွှာနန်းမြိုင်တစ်ခုလုံးမအိပ်ရတာ

နောက်ဆုံးမှာ ဝေဝူရှင်းသည် ကလေးတွေငြိမ်မည့်နည်းလမ်းတစ်ခုကို ရှာတွေ့သွားသည်
ဤသည်မှာ အိပ်ရာဝင်ပုံပြောပြခြင်းပင်ဖြစ်သည်

ဝေဝူရှင်း၏ ၃၁ ဘုံအလုံးစုံသော ရောက်တတ်ရာရာပုံပြင်များနှင့် လန်ဝမ်ကျီ၏ ရေခဲရိုက်ပုံပြင်များကို ကလေးတွေသည် မျက်လုံးအပြူးသားနှင့်စိတ်ဝင်တစား နားထောင်လေ့ရှိသည်

ဝေဝူရှင်းသည် လန်ဝမ်ကျီအားကြည့်လိုက်သည်။ကလေးနှစ်ယောက်မွေးပြီးကတည်းက လန်ဝမ်ကျီနား မကပ်ရသေး။ ကလေးတွေအိပ်တုန်း ကပ်လို့လည်းမရ၊

ယခုတွင်လည်း ဝေဝူရှင်း၏ရင်ခွင်ထဲတွင် လန်ရီကနို့မလွှတ်တမ်းအိပ်နေပြီး လန်အာကမူ လန်ဝမ်ကျီ နဖူးစည်းကြိုးကို ဝါးရင်းအိပ်နေလေသည်

ဘယ်သူမှ ဘယ်လိုမှ ထလို့မရ............

လန်ဝမ်ကျီပြန်ကြည့်လိုက်တော့ ဝေဝူရှင်းသည်နေရာအလုခံရသည့်ကလေးလို သနားစရာ     အကြည့်လေးနှင့် ကြည့်နေလေသည်

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)حيث تعيش القصص. اكتشف الآن