Chapter 14

3.5K 264 1
                                    

    [unicode]

                  ' နှစ်သစ်ကူး ပွဲတော် ၁ '

တိမ်လွှာနန်းမြိုင် လန်ဂိုဏ်းသားလေးတွေရဲ့ စာရွတ်သံ စာအံသံတွေကတော့ အမြဲတစေ အချိန်မှန် ပျံ့လွင့်နေလျက်ရှိသည်။

" အာ ရုံ စိုက် "

စာဆိုသံ သဲ့သဲ့ကို ဖုံးလွှမ်းသွားသော တိကျပြတ်သားလှတဲ့ အေးစက်စက်စကားတစ်ခွန်း ကြောင့် ကျောများပင် အလိုအလျောက်မတ်သွားကာ အသံများပိုပြီး ပီပီပြင်ပြင်ထွက်လာသည်။

တိမ်လွှာနန်းမြိုင် စာသင်သားလေးတို့၏စိတ်ထဲတွင် အတော်ပင်မကျေမနပ်ဖြစ်နေသော်လည်း စစ်ကျွေးတို့ အပါအဝင် စာသင်သားငယ်လေးများတစ်ယောက်မှအထွန့်မတတ်ရဲ။ အရှေ့မှ အမိန့်ပေးနေသူကိုမော့တောင်မကြည့်ရဲ။

ဇယ်ဝူကျွင်းဆိုရင် ဘယ်လောက်တောင် သဘောကောင်းလိုက်လဲ။

နှစ်သစ်ကူးရက်တွေဆို စာသင်ချိန်တွေပိတ်ပေးပြီး ကူစူးတောင်ပေါ်မှ ဆင်းကာ မြို့ထဲသို့ အလည်အပတ်သွားခွင့်ပေးသည်။ စားကောင်းသောက်ဖွယ်များကိုလည်းစားသောက်ခွင့်ပေးသည်။နောက်နေ့မနက်ကျမှ တောင်ပေါ်ပြန်လာခိုင်းသည်။

သို့သော် အရှေ့မှာ ရှိနေသည့်သူသည် ဇယ်ဝူကျွင်းမဟုတ်ခဲ့ပေ။ နှစ်သစ်ကူးတော့မှာကို သိမည့်ဟန်လည်းမတူပေ။

အရင်တုန်းက နောင်တော်ဝေ့ကိုအပူကပ်လို့ရပမယ့် အခုတော့ နောင်တော်ဝေ့မှာ သူ့ကလေးနှစ်ကောင်နဲ့အလုပ်ရှုပ်နေသည်။ ဒါပမယ့် ဒီပျော်စရာ နှစ်သစ်ကူးရက်ကိုတော့ နောင်တော်ဝေ့မမေ့လောက်ဘူးမဟုတ်လား?

လန်ကျင်းရီနဲ့ကျင်းလင်က ဒီနေ့တစ်ရက်ငြိမ်းချမ်းရေးယူထားကြသည်။ စာသင်ချိန်ပြီးရင် ငြိမ်းဆောင်ကိုအပြေးသွားပြီး နောင်တော်ဝေ့ကိုသွားပြောဖို့။ အချင်းချင်း မျက်လုံးဖြင့်အချိတ်အဆက်လုပ်နေကြသည်။ စာသင်ချိန်ကလည်းပြီးဖို့ နီးကပ်လာပြီ။

" လူ့လောက လူ့သဘာဝ ကျင့်ဝတ်ကဗျာ အစအဆုံး ကျက်ထားကြ "

စာသင်သားလေးတွေ မျက်လုံးပြူးသွားရသည်။ ဒီ စာမျက်နှာ ၅၀ လောက်ရှိတဲ့ ဘယ်သူရေးလို့ရေးမှန်းမသိတဲ့ကဗျာကို ဒီနှစ်သစ်ကူးရက်မှာ ဘာလို့ကျက်ရမှာလဲ?

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Nơi câu chuyện tồn tại. Hãy khám phá bây giờ