Chapter 6

11.3K 931 72
                                    

[unicode]

''''' ဝေဝူရစ် ( ဝေရစ်စိန်လေး ~ ~ ) '''''

ညစာ ကို မစားချင်စားချင်နှင့် အပြည့်အဝစားပြီး အိပ်ရန်ပြင်တော့သည်

ဝေဝူရှင်းသည် ကလေးရှိလာမှသာမဟုတ်
အမြဲတစေ လန်ဝမ်ကျီအား ဂျီကျနေတတ်မြဲ
ကလေးအယောင်ပြကာ ပိုပိုဆိုးလာတတ်သည်

မနက်ခင်းတွင် လန်ဝမ်ကျီအားမိမိအလိုအတိုင်း ထက်ပိုပြီး ဂရုစိုက်ကြင်နာပေးတာကြောင့် အားနာသလိုလို သိုင်းလောက၏နံပါတ်နှစ်သခင်လေး ဟန်ကွမ်ကျွင်း ရဲ့ဂုဏ်ပုဒ်ကို ထိန်းသိမ်းစေချင်သလိုလိုလေးတွေဟာ ညအိပ်ယာဝင်ခါနီးဆို ကြက်ပျောက် ငှက်ပျောက်။

ယခုတွင်လည်း ဝေသခင်လေးခမျာ ဟန်ကွမ်ကျွင်း ပန်းကန်များသွားသိမ်းအပြီး ပြန်လာရင် မေးဖို့မေးခွန်းကလေးများကို ဗိုက်ကလေးပွတ်ပြီးစဉ်းစားနေလေရဲ့။

တိမ်လွှာနန်းမြိုင်မှာ သူတို့စစချင်းတွေ့ဆုံတဲ့ပုံရိပ်လေးတွေ
အတူတူ သူရဲကောင်းလုပ်ခဲ့တာလေးတွေ
အတူတူ ညခင်းတောလိုက်ထွက်ခဲ့တာလေးတွေ
အတူတူ ဂိုဏ်းအားလုံးကို ဆန့်ကျင်ပြီးတိုက်ခိုက်ခဲ့တာလေးတွေ

တွေးရင်းနဲ့ ဝေဝူရှင်း၏နှုတ်ခမ်းများ ပြုံးယောင်သန်းလာသည်
အမှတ်တရကောင်းလေးတွေ.......

၁၃ နှစ်ကြာတာတောင်သူ့ကို မမေ့မလျော့ပဲစောင့်ဆိုင်းခဲ့တာတွေ
မော့ရွှီးယွမ် ခန္ဓာကိုယ်ထဲဝင်စားလာတဲ့သူ့ကိုတောင် မြင်မြင်ချင်းမှတ်မိတာမျိုးတွေ

စဉ်းစားရင်း .....စဉ်း.......

ပြုံးယောင်သန်းသော နှုတ်ခမ်းများတန့်သွားသည်။ ဗိုက်လေးကိုပွတ်လျက်ရှိသော လက်များလည်း ငြိမ်ကျသွားသည်။

မော့ရွှမ်းယီ

ငြိမ်းဆောင်၏တံခါးလေး ငြင်သာစွာ ပွင့်လှပ်လာခြင်းနှင့်အတူ လန်ဝမ်ကျီရောက်ရှိလို့လာသည်

ကိုယ်ဝန်ရှိမှ ယခင်ကထက် လွန်စွာမေးမြန်းစပ်စုတတ်သော ကြင်သူသက်ထားဇနီးမယားလေးရဲ့ ခက်ခဲနက်နဲဂွတိဂွကျနိုင်သော မေးခွန်းများကို ငြီးငြူခြင်း တစ်ချက်မရှိ လွန်စွာချစ်ခင်လှစွာသောစိတ်နှင့် ပြောပြချော့မော့ပေးရန် လန်ဝမ်ကျီရောက်ရှိလို့ လာပေသည်။

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Место, где живут истории. Откройте их для себя