Chapter 7

11K 945 113
                                    

[unicode]

'''''  ဗိုက်စောင့်ကိုယ်တော်များ '''''

နွေအကုန် ဆောင်းဦးသို့ပင် ရောက်ခဲ့သည်။
ရာသီစက်ဝန်းသည် တစ်ပတ်ပြည့်ရော့မည်

တိမ်လွှာနန်းမြိုင်ရှိ သစ်ပင်ကြီးများသည်လည်း သစ်ရွက်များချွေ၍ အဝါရင့်ရောင်လမ်းကလေးကို ဖန်ဆင်းပေးလေသည်။
သို့သော် ပန်းပွင့်များက မကြွေကျ။

တိမ်လွှာနန်းမြိုင်ထဲတွင် ပန်းပေါင်းစုံသည် ဝေဝေဆာ ပွင့်ဖူးနေလေသည်။
သစ်ပင်ကြီးပေါ်မှာ တင်ကျန်နေရင်း ဆောင်းလေဒဏ်ကိုကြံကြံခံနေလေသည်

ထိုသဘာဝမြင်ကွင်းကို မုတ်ဆိတ်မွှေးကြီးသက်ချရင်း ကြည့်ရှုနေသည်မှာ လန်ချီရမ်ပင် ဖြစ်ပေသည်။

မျက်နှာပေါ်တွင်မူ ကျေနပ်ပီတိဖြစ်သော အပြုံးကြီးတကားကားနှင့်။

တိမ်လွှာနန်းမြိုင်၏ သစ်ပင်များသည် ထိုကဲ့သို့ပင် ပန်းများပွင့်ဖူးပါသည်
သိုင်းလောကရဲ့ နံပါတ်တစ်နှင့် နှစ်ချိတ်သော ကျောက်စိမ်းနှစ်ဆူ မွေးဖွားတုန်းကပေါ့

ယခုတွင်လည်း အပြင်လောကတောင်မရောက်ရှိသေးတဲ့ ပတ္တမြားတုံးလေးအတွက် တိမ်လွှာနန်းမြိုင်ကြီးက ကြိုဆိုပွဲလုပ်ပေးနေလေပြီ။

လန်ချီရမ်သည် အဝါရင့်ရောင်လမ်းကလေးကိုကြည့်နေရင်း မျက်စိဆံပင်မွှေးဆူးသွားရပြန်ပါပြီ

လှပသော လမ်းကလေးကို ဖရိုဖရဲဖုန်ထအောင် ဖြတ်ပြေးလာပါသော ကျင်းလင်နဲ့ လန်ကျင်းရီပါတည့်။

" ဦးရီးတော်.......ဦးရီးတော် "

အဝေးမှ အော်ခေါ်လာသော အသံကြောင့် ပျာပျာသလဲ မတ်တပ်ရပ်လိုက်မိသည်။

" ဘာဖြစ်တာတုန်း ဗိုက်နာနေပြီလား "

" ဗျာ ! "                  " ဟင်! "

" ဟဲ့ ဘာဖြစ်တာတုန်းပြောလေ "

ဒေါသတကြီးနှင့် ဟောက်လိုက်တော့မှ ကျင်းလင်က

" ဦးရီးတော် ဆောင်းဦးရောက်လာပြီလေ အဲ့ဒီ့တော့ သစ်ရွက်တွေအရမ်းကြွေတယ်မလား "

ကျန်းဂိုဏ်းမိသားစုဝင်များသည် သူနှင့်အလွန်အကျိုးပေးသည်......ဒေါသဖြစ်အောင်လုပ်တဲ့နေရာတွင်

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Donde viven las historias. Descúbrelo ahora