Chapter 13

7.9K 766 55
                                    

   [unicode]

   ''''' ကလေးထိန်းခြင်း အနုပညာ '''''

တိမ်လွှာနန်းမြိုင်၏စာသင်ဆောင်ထဲတွင် လန်ဂိုဏ်းသားလေးများ တစ်ညီတစ်ညွှတ်တည်း စာအံနေကြရသည်

မည်သူမျှပင်စကားမပြောရဲ ဘေးဘီငေးမကြည့်ရဲ အိပ်မငိုက်ရဲ.......အဘယ့်ကြောင့်ဆိုသော် ဟန်ကွမ်ကျွင်းဆိုသော သူက ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နှင့် စောင့်ကြည့်နေ၍ပင်ဖြစ်သည်

နှစ်နှစ်လောက်နီးပါး မွေးမြူရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး သူနာပြုလုပ်နေရ၍ စာသင်ဆောင်ဘက်ကိုခြေဦးပင် မလှည့်နိုင်ခဲ့ပေ

ဦးရီးတော်၏စေခိုင်းချက်အရ လန်ရှီချန်နဲ့ဆို အလွန်ပင် လွတ်လပ်ကာ တပြုံးပြုံးဖြစ်နေသော စာသင်သားများထံသို့ တစ်ဖန်ခြေဦးလှည့်ရလေသည်

သို့သော် ကိုယ်က စာသင်ဆောင်တွင်‌ နေနေသော်လည်း စိတ်က ငြိမ်းဆောင်ရှိ ကလေးသုံးယောက်တွင်သာ. . . . . . . . . .

တစ်ချက်တစ်ချက် အော်သံလိုလို ကလေးငိုသံလိုလိုလေးတွေကြားရင် နီးရာ ပြတင်းပေါက်ဘက်ကိုသွားကာ နားစွင့်ကြည့်ရသည်

တစ်ဖက်ငြိမ်းဆောင်တွင်မူ

" လန်အာ လန်အာ မိအောင်ဖမ်း လန်ရီ ပါးပါးကိုကြည့် အားးးး လန်အာ !!! "

~ ဒုန်း ~~ခလွမ်း ~ဒုန်းးး~ ~ဒုန်း ~

လန်ဝမ်ရီကတော့ ဟန်ကွမ်ကျွင်း ထိုင်နေကျ စာကြည့်ခုံတွင် အကျတနထိုင်ကာ စာရွက်အဖြူများပေါ်တွင် မင်ရည်များနှင့်ဆော့ကစားကာ တစ်ချက်ချက် အရှေ့က သားအဖနှစ်ယောက်ကို ကြည့်ကာလည်း တခီခီနှင့် ထိုင်ရီနေလေသည်

ဝေဝူရှင်းနှင့် လန်ဝမ်အာကတော့ တစ်ဆောင်လုံးနှံ့နေအောင် ပြေးလွှားကာ စိန်ပြေးလိုက်တမ်းဆော့ကစားနေကြသည်. . . . . . .ရလဒ်အနေနဲ့တော့ ဟန်ကွမ်ကျွင်းပြန်လာလျှင်ခေါင်းခဲစရာပင်

ခေါင်းအုံးများစောင်များလည်း ကြမ်းပြင်ထက်တွင်နေရာယူနေပြီး စောနကတုန်းကမှ ပြေးလွှားရင်းတိုက်မိတဲ့ ပန်းအိုးကလေး ကွဲသွားသည့်နေရာကို ဝေဝူရှင်းသည် ကလေးများမထိခိုက်မိအောင် ပိတ်စ အနီလေးအုပ်ထားလိုက်သည်. . . . . . . . တားမြစ်နယ်မြေ မနင်းရ

နှောင်ကြိုးငယ်လေး(Mo Dao Zu Shi Fan Fic)Nơi câu chuyện tồn tại. Hãy khám phá bây giờ