အခန်း ၃။အကို ၃၏အကူအညီတောင်းခြင်း။Zawgyi
အချိန်ခရီးသွားခြင်းဆိုတာကြီးကို သူမလက်ခံနိုင်ဖို့
အတွက် ၂ရက်တာအချိန်ယူလိုက်ရသည်။
အဲ့ဒီနှစ်ရက်ဆိုတဲ့အတိုင်းအတာအတွင်းမှာပင်
သူမလက်ခံနိုင်သွားလေပြီ။သူမလက်ခံလိုက်ရသည့်အကြောင်းပြချက်
သည်ကလည်းရိုးရှင်းပါသည်။
အရင်ခန္ဓာကိုယ်၏မှတ်ဥာဏ်များကို ရရှိလိုက်ခြင်း
ကြောင့်ပင်ဖြစ်သည်။သူမရောက်နေသည့် တိုင်းပြည်သည်
ကွမ်ရှားဟုအမည်ရသည့်အင်ပါယာနိုင်ငံကြီး
ဖြစ်ပေသည်။သူမသည် ထိုအင်ပါယာနိုင်ငံကြီး၏
စစ်မှုရေးရာကိုထိန်းချုပ်ထားနိုင်သည့် စစ်သေနာပတိချုပ်ကြီး၏ အငယ်ဆုံးသမီးဖြစ်သည်။
သူမအထက်တွင် အကိုအကြီးသုံးဦးရှိပေသည်။စစ်မှုရေးရာနှင့်သက်ဆိုင်သည့် မျိုးနွယ်မှဆင်းသက်
လာသည့်သူများဖြစ်ကြသည့်အလျောက်
အရင်ရှောင်ရှင်းပိုင်နှင့်အကိုသုံးဦးစလုံးမှာလည်း
စစ်မှုရေးရာအားပိုင်နိုင်ကျွမ်းကျင်သူများ
ဖြစ်ကြလေသည်။အကိုအကြီးဆုံး ရှောင်ဟွမ်၊အကိုလတ် ရှောင်ရှီရန်၊
အကိုငယ် ရှောင်ရိဟန်နှင့် အငယ်ဆုံးဖြစ်သည့်
ရှောင်ရှင်းပိုင်တို့ပင်ဖြစ်ကြသည်။မှတ်ဥာဏ်များအရဆိုလျှင် အကိုအကြီးဆုံး
အကို၁ သည် ရှောင်စစ်သေနာပတိချုပ်၏
အမွေကိုဆက်ခံမည့်သူဖြစ်သည်။ သူသည်ယခုလက်ရှိတွင် လက်ထောက်စစ်သူကြီး
အဖြစ်တာဝန်ထမ်းဆောင်နေပေသည်။အကို၂သည်ကား စာပေပန်းချီများကိုလေ့လာ
လိုက်စားသည့်သူတစ်ယောက်ဖြစ်သည်။
အကို၃ သူမအကိုဝမ်းကွဲချူရိဟန်နှင့်အတူဆုံး
ရှောင်ရိဟန်သည်ကတော့ ရှားပါးပစ္စည်းများ
လက်နက်ကိရိယာများကိုအသေအကျေ စိတ်ဝင်စား
ပြီး နယ်လှည့်ကာလွတ်လွတ်လပ်လပ် ခရီးထွက်နေတတ်သူဖြစ်သည်။သူမ ရှောင်ရှင်းပိုင်သည်ကတော့ အကိုသုံးဦးစလုံး
၏အမွေများကိုဆက်ခံထားသည်လားဟုပင်
အောက်မေ့ရသည်။အကို၃ဦးစလုံးလိုစစ်မှုရေးရာကျွမ်းကျင်သည်။
ခွဲခြမ်းစိတ်ဖြာလိုက်ပါလျှင် အကို၁လိုစစ်မှုရေး
ရာပိုင်းကိုစိတ်ဝင်စားမှုရှိသည်။အကို၂လို စာပေ
အနုပညာပိုင်းတွင်လည်းအားသာသည်။
အကို၃လိုလွတ်လွတ်လပ်လပ်နေတတ်သူလည်း
ဖြစ်သည်။
YOU ARE READING
My Wife Who Run Away
Historical Fictionထွက်ပြေးသွားတဲ့ချစ်ဇနီး(Own Creation) အပ်ကလေးတစ်ချောင်းဆူးမိပြီး ရှေးခေတ်ကိုရောက်သွားခဲ့သည်။ အင်ပါယာရေမြေ့အရှင် ဧကရာဇ်နှင့်လက်ထပ်ရန်ဖြစ်လာခဲ့သည်။ သူမထွက်ပြေးသွားခဲ့သည်။ By Dreammy_Park