အခန်း(၁၁)

2.4K 273 18
                                    

Zawgyi

အခန်း ၁၁။မင်္ဂလာဦးည

ဧကရီတင်မြှောက်ပွဲနေ့တွင် နန်းမြို့တော်ကြီးမှာ
စည်ကားလို့နေသည်။ရှောင်အိမ်တော်အတွင်းမှာတော့ များပြားလှစွာသော လူတို့အလုပ်ရှုပ်နေကြသည်။

မကြာမီအချိန်တွင် မဂ်လာဝေါယာဉ် ရောက်တော့မည်ဖြစ်၍ ခြေချင်းလိမ်နေကြပြီ။

ရှောင်အိမ်တော်ရဲ့ အိပ်ခန်းဆောင်တစ်ခုထဲတွင်
သတို့သမီး မိဖုရားလောင်းဖြစ်သူရှောင်ရှင်းပိုင်
ခမျာ ချွေးတောင်ကျချင်နေပြီ။စိတ်လှုပ်ရှားလွန်းလို့တော့မဟုတ်ဘူးရယ်။

ဒီလောက်လေးလွန်းတဲ့ ဇာမဏိခေါင်းဆောင်းဆိုတာကြီး
ကိုခေါင်းပေါ်တင်ထားရတာရယ်၊မဂ်လာဝတ်ရုံဆိုတဲ့
ဘယ်နှထပ်လောက်ထပ်ထားမှန်းမသိတဲ့
ဝတ်ရုံထူထူတွေရယ် ဒီအချိန်မှချွေးမပြန်၊ ဘယ်အချိန်
ပြန်မလဲ..?

ကြည့်ရတာ လုံခြုံစေချင်လို့ထင်ပါ့!

သူမတို့ခေတ်ရဲ့ အနောက်တိုင်းမဂ်လာဆောင်
ဝတ်စုံကိုသာတွေ့ရင် ဒီကလူတွေ
လန့်ဖျားဖျားကုန်မယ်ဆိုတာ အာမခံတယ်!

သူမ ယပ်တောင်ဝိုင်းလေးကိုထုတ်ပြီး
တစ်ဖျက်ဖျက်မြည်အောင်ခပ်လိုက်သည်။
ရှေးခေတ်လူသားတွေ ယပ်တောင်သာခပ်တာ
ညင်ညင်သာသာလေး၊လေရောတိုးရဲ့လားမသိ။

ထွေရာလေးပါးစဉ်းစားရင်းနဲ့ နောက်ဆူံး
ဧကရာဇ်နဲ့လက်ထပ်ရမယ်ဆိုတဲ့အကြောင်းလည်း
ရောက်ရော မျက်ရည်တွေတောင်ဝဲချင်လာသည်။
၂၁ရာစုမှာတောင် ရေမရောရသေးတဲ့ အပျိုစစ်စစ်လေး။ အခု ဒီရှေးခေတ်ကြီးရောက်လာမှ ဘာမှမလုပ်ပါဘဲ
ယောက်ျားတစ်ယောက် ကောက်ရလိုက်သလိုဘဲ
ရွှတ်!

သူမရဲ့အသံသည် စိတ်ကူးထဲကနေတောင်
အပြင်ထွက်သွားသလားမသိ။
ယန်းယန်းက စိုးရိမ်တဲ့ပုံနဲ့ကြည့်နေပြီ။
ဘာမှတော့ပြောမလာ။တစ်ဖက်ပြန်လှည့်သွားသည်။

ပြီးနောက်ပြန်ကြည့်လာပြန်သည်။
သူမသည်သက်ပြင်းအသာချရင်း
နောက်တော့ ရှင်းပိုင်အနားကိုရောက်လာသည်။

"မမလေး...ဝမ်းမနည်းပါနဲ့...ယန်းယန်းက
မမလေးနားမှာအမြဲရှိနေမှာဘဲလေ...''

My Wife Who Run AwayWhere stories live. Discover now