အခန်း(၆)

4K 456 30
                                    

အခန်း ၆။ထွက်ပြေးသွားသောချစ်ဇနီးနှင့်တွေ့ခြင်း။

Zawgyi

ရှင်းပိုင် တစ်လျှောက်လုံး အမည်မသိသော
ထိုလူအားတွဲကာလျှောက်လာခဲ့ရင်း နောက်ဆုံးတွင်
အိမ်ပြန်ရောက်လာခဲ့ပြီဖြစ်သည်။

သူမအိမ်ပြန်ရောက်တော့ စည်းကြိုသူက
အကို၂။သူ၏စုတ်တံကိုတယုတယမျှော်နေသည်
ဖြစ်နိုင်သည်။သို့သော် စိတ်မကောင်းစရာကောင်းသည်က သူမတွင်
ပါမလာခဲ့ပေ။

"မေ့-မေ့ ဘာဖြစ်လာတာလဲ?''

သူမနှင့်တကွ သူမတွဲလာသည့်လူကိုတွေ့တော့
အကို၂ကမေးသည်။သူမသက်ပြင်းအသာချကာ
သူမလက်မောင်းများပေါ်တွင်မေ့လဲနေသော
ချောမောလှသည့်လူငယ်အားကြည့်ကာ မျက်နှာတစ်ချက်ရွဲ့လိုက်မိသည်။

"အကိုကြည့်....သူ့ကြောင့်မေ့-မေ့ ဘာဆိုဘာမှပါမလာခဲ့ဘူး။''

အကို၂သည်မျက်ခုံးတစ်ဖက်ကိုအသာပင့်သည်။

"အထဲကိုခေါ်သွားလိုက် မေ့-မေ့...
သူဒဏ်ရာအတော်ရထားတာဘဲ။ပြီးမှဘယ်သူလဲဆိုတာမေးရတာပေါ့။''

သူမခေါင်းအသာငြိမ့်ကာအထဲသို့ခေါ်လာခဲ့သည်။

ကုတင်ပေါ်သို့အသာတင်ကာလှဲပေးလိုက်တော့
သူသည်သတိရလာသည်ထင်။
ချောင်းတစ်ချက်ဆိုးသည်။ပြီးနောက်မသိမသာပင်
သူ၏မျက်ဝန်းများသည်ပွင့်ဟလာခဲ့သည်။

သူမရေပတ်တိုက်ပေးရန် ပြင်လိုက်သည်။
သို့သော်သူမတစ်ဖက်သို့အလှည့်မှာပင်
သူမ၏လက်တစ်ဖက်သည်အဆွဲခံလိုက်ရပြီး
တစ်ပြိုင်ထဲမှာပင်ကုတင်ပေါ်သို့ပြုတ်ကျသွားတော့
သည်။

တုန်ရီစွာဖြင့် ရှင်းပိုင်အနောက်သို့
မသိမသာလှည့်လိုက်သည်။

သူမလှည့်အကြည့်မှာ နှုတ်ခမ်းထောင့်များကွေးနေလောက်အောင်ပြုံးနေသည့်
ထိုလူအားတွေ့ရသည်။

ဒဏ်ရာများနှင့်ပြည့်နေသည်ကိုတောင် ပြုံးမြဲပြုံးနေသည်ကိုတွေ့ရသည်မှာ
အတော်ကိုကြက်သီးထစရာပင်။

"ဘယ်သွားမလို့လဲ?''

ပြုံးနေရင်းမှပင်ချက်ချင်းစူးရှတည်ကြည်စွာ
မေးလာသည့်ထိုလူအား ရှင်းပိုင်ပြန်လည်စူးရှ
စွာစိုက်ကြည့်ပေးလိုက်မိသည်။

My Wife Who Run AwayWhere stories live. Discover now