Zawgyi
အခန်း ၁၃။အိပ်မက်ပထမပိုင်း။
အကိုဖြစ်သူ၏စိတ်မချလို့ လာကြည့်တာပါဆိုတဲ့
စကားကြောင့်ရှောင်ရှင်းပိုင်သည်
အလျှော့ပေးလိုက်ရလေသည်။အကို၃နှင့်စကားနည်းနည်းပါးပါးပြောပြီးနောက်
ရှောင်ရှင်းပိုင်တစ်ယောက်သည်းမခံနိုင်တော့။
ပွစိပွစိနှင့်အဒေါ်အပျိုကြီးတစ်ယောက်အလားပြောသော
ဆုံးမစကားတစ်သိန်းကိုဟိုဘက်နားကဝင်၊
ဒီဘက်နားကထွက်နားထောင်ပြီးသည်နှင့်
နှင်လွှတ်လိုက်လေတော့သည်။"ဟူး.....အခုမှဘဲနားအေးသွားတော့တယ်။''
ရှောင်ရှင်းပိုင်သည်ယခုမှသာ ဒုက္ခတောထဲကထွက်လိုက်ရသလိုအမူအရာနှင့်
စားပွဲပေါ်သို့မေးစေ့တင်လျက်ပြောသည်။"ရှောင်ဟန်...အရှင့်မှာမိဖုရားဘယ်နှပါးရှိလဲ?''
"အဲ့ဒါက....အရှင်မင်းကြီးတောင်သိမယ့်ပုံမပေါ်ပါဘူး။
ဒါပေမယ့်ကျွန်တော်မျိုးသိတဲ့
မိဖုရားတစ်ပါးတော့ရှိတယ်။''''ဘယ်သူလဲ?''
"ကျိုးခယ့်ယွီ....ဝန်ကြီးချုပ်ကျိုးရဲ့တိသမီး''
ဝန်ကြီးချုပ်ကျိုး.........။
ဝန်ကြီးချုပ်ကျိုးရဲ့သမီးကလည်းမိဖုရားတွေထဲက
တစ်ယောက်ဘဲလား!?သူမထင်တောင်မထင်ထားခဲ့ချေ။သူမချောင်ရှားပြည်နယ်ဇီးပန်းပွဲတော်တွင်
ကြားသိခဲ့ရသည့်ဝန်ကြီးချုပ်ကျိုးဆိုသည့်
နာမည်ကိုသေချာပေါက်မှတ်မိနေပါသည်။
ဝန်ကြီးချုပ်ကျိုးဆိုသည်ကား ရှားစစ်ယွင်အားလုပ်ကြံရန်
ကြံစည်နေသူပင်မဟုတ်လား?ဒါဆိုဘာလို့များလက်ခံထားရတာလဲ?
ထားလိုက်ပါလေ။နန်းတွင်းရဲ့ကမောက်ကမနိုင်ပြီး
ရှုပ်ထွေးပွေလီတဲ့ဇာတ်ထုပ်ပေါင်းချုပ်ကို
လိုက်မှီအောင်စဉ်းစားဖို့အတွက် သူမဘရိန်းကအဲ့လောက်မကောင်းပါချေ။"ဝှါး....အိပ်ချင်လာပြီ။တစ်ရေးလောက်
်အိပ်လိုက်ဦးမယ်။''"လိုအပ်တာရှိရင်လှမ်းခေါ်လိုက်ပါသခင်မလေး။''
ရှောင်ဟန်သည်သူမအနားယူနိုင်စေရန်အလို့ငှါ
အရိုအသေပေးပြီးသည်နှင့်အပြင်ထွက်သွားတော့သည်။
![](https://img.wattpad.com/cover/192465476-288-k127381.jpg)
YOU ARE READING
My Wife Who Run Away
Tarihi Kurguထွက်ပြေးသွားတဲ့ချစ်ဇနီး(Own Creation) အပ်ကလေးတစ်ချောင်းဆူးမိပြီး ရှေးခေတ်ကိုရောက်သွားခဲ့သည်။ အင်ပါယာရေမြေ့အရှင် ဧကရာဇ်နှင့်လက်ထပ်ရန်ဖြစ်လာခဲ့သည်။ သူမထွက်ပြေးသွားခဲ့သည်။ By Dreammy_Park