အခန်း(၁၅)

2.6K 210 32
                                    

Zawgyi

အခန်း ၁၅။ချူးလင်ပြည်ထောင် သံတမန်

ရှောင်ရှင်းပိုင်သည် တံတိုင်းပေါ်မှအရှိန်ဖြင့်
ပြုတ်ကျလာသော်လည်း ဒဏ်ရာဒဏ်ချက်၊
နာကျင်မှုဟူ၍စိုးစဉ်းမျှ ရှိမနေပါ။

အဘယ့်ကြောင့်ဆိုသော် အောက်မှ
အေးစိမ့်နေသည့် အငွေ့အသက်ကို
လွှမ်းခြုံထားပြီး ရေခဲတမျှအေးစက်လှသည့်
့်ဧကရာဇ်မင်းသည် သူမအား
ဖမ်းယူပွေ့ဖက်ထားသောကြောင့်ပင်။

"ဟဲဟဲ....အရှင်...''

"......''

ဘာမှပြန်မပြောဘဲ သူမအားထိုအတိုင်း
ပွေ့ချီလာသော ရှားစစ်ယွင်ကြောင့်
သူမ၏နှလုံးသားလေးသည် တစ်ရစပ်တုန်ခါနေသည်။

အမေ့ရေ.....အကို၃ပြောတဲ့ဧကရာဇ်က
ကြောက်စရာကောင်းတယ်ဆိုတာ ဒီလို
ပုံစံမျိုးကိုပြောတာဖြစ်ရမယ်။
အီးဟီးဟီး....သေနေ့စေ့ပြီထင်ပါတယ်...ရွှတ်!

ရှားစစ်ယွင်သည် သူမလေးအားသူ၏
နန်းဆောင်ဆီသို့ပွေ့ချီလာသည်။
နန်းဆောင်ထဲရောက်သည်နှင့် အခြားသူများ
ဝင်လိုက်မလာစေရန် ဘေးမှအစောင့်များ၏
တံခါးပိတ်သည်ကိုပင်မစောင့်။ကိုယ်တိုင်အလျင်အမြန်
ပိတ်ချလိုက်သည်။

"ကဲ ပြောတော့...!ဘာကိစ္စနဲ့ကိုယ်တော့်ကို
မပြောဘဲနဲ့အပြင်ကိုခိုးထွက်သွားရတာလဲ?''

"အဲလေ....အဲ့ဒါက ဒီအတိုင်းတွေ့စရာလူရှိလို့
သွားတာ။''

"ဟင်း.....ကိုယ်တော့်ကိုတောင်မပြော
နိုင်လောက်အောင်တွေ့စရာဘယ်သူများ ရှိနေလို့လဲ?
နောက်ပြီး မင်းပျောက်သွားတယ်ဆိုလို့ ကိုယ်တော့်
မှာဘယ်လောက်စိုးရိမ်လိုက်ရလဲ ဟမ်!?''

".....''

နန်းတော်အပြင်လေး ခိုးထွက်မိတာအဲ့လောက်
အပြစ်ကြီးသွားပြီလားဟယ်....!

"နောက်တစ်ခါအပြင်ထွက်မယ်ဆိုရင်
ဘယ်သွားမယ်ဆိုတာကိုယ်တော့်ကိုပြောသွား
ဟုတ်ပြီလား!?''

"အင်းဆို....ပြောမယ်ပြောမယ်။လုံးဝမမေ့စေရဘူး။''

ရှားစစ်ယွင်သည်ရှောင်ရှင်းပိုင်အား
သူ၏ရင်ခွင်ထဲသို့ဆွဲထည့်ကာ ပွေ့ဖက်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jun 27, 2020 ⏰

Add this story to your Library to get notified about new parts!

My Wife Who Run AwayWhere stories live. Discover now