အခန်း(၉)

3.5K 380 40
                                    

အပိုင်း ၉။ ပန်းချီကားတစ်ချပ်။

Zawgyi

နန်းတော်ညီလာခံ ခန်းမတွင်ဖြစ်သည်။
ဧကရာဇ်မရှိသဖြင့် မှုးမတ်အရာရှိများသည်ပွက်လောရိုက်ကာ
ဆူညံနေကြသည်။

ယခင်က ဧကရာဇ်ရှိလျှင်တုတ်တုတ်မျှ မလှုပ်ရဲကြသောသူများသည် ပွဲဈေးခင်းထဲရောက်နေသည့်အလားပင်
ငြင်းခုန်ကာအချေအတင်ဖြစ်နေကြသည်။

ဧကရာဇ်သည်ယနေ့လည်း ရောက်မလာသေးပေ။ဧကရာဇ်ထိုင်သည့်
ပလ္လင်တော်သည်နေရာလပ်နေဆဲဖြစ်သည်။

အသီးသီးမှာကိုယ့်အာရုံနှင့်ကိုယ်
ဖြစ်နေကြစဉ် ခန်းမအပြင်ဘက်မှ
ကျင်းကုန်းကုန်း၏အသံကျယ်ကျယ်အား
ကြားလိုက်ကြရပေသည်။

"မင်းကြီးကြွချီတော်မူလာပါပြီ..........။''

အသံဆုံးသည်နှင့် ခန်းမတံခါးသည်ပွင့်လာခဲ့ပြီး
ဧကရာဇ်သည်ပလ္လင်တော်တွင်ထိုင်ရန် လျှောက်လှမ်းလာခဲ့သည်။ဧကရာဇ်ကိုမြင်လိုက်ရသည်နှင့်တကွ
ခန်းမကြီးသည် တမုဟုတ်ချင်းငြိမ်သက်သွားတော့သည်။

ဧကရာဇ်သည်ပလ္လင်တော်တွင် နေရာယူပြီးမှ
ကျင်းကုန်းကုန်းသည်ညီလာခံစတင်ကြောင်း
ကြေညာသည်။ညီလာခံစတင်သည်နှင့်အညီ
အသီးသီးသည် တင်ပြစရာကိစ္စများအားစတင်
လျှောက်တင်ကြတော့သည်။

ရှားစစ်ယွင်သည် မှုးမတ်များ၏လျှောက်တင်ချက်များကို
နားထောင်နေလျက်မှပင် ဝန်ကြီးချုပ်ကျိုးအားလည်း
အကဲခတ်နေသည်။

တစ်ဦးသည် ထီးနန်းလိုချင်သည်။
တစ်ဦးကမူ မိဖုရားနေရာအားလိုချင်သည်။
လိုက်လည်းလိုက်သည့် ဒီအဖေနှင့်ဒီသမီးပင်။

တွေးရင်းမှပင်သူ၏ မျက်ဝန်းတို့သည်
အေးစက်စက်သွားတော့သည်။

ဝန်ကြီးချုပ်ကျိုးသည် မတ်တပ်ရပ်နေရင်းမှပင်
အေးစက်စက်ခံစားချက်ကိုရလိုက်သည်။
သူလျင်မြန်စွာပင် ဧကရာဇ်အားမော်ကြည့်လိုက်တော့
ဧကရာဇ်သည် မှုးမတ်များ၏တင်ပြချက်များကိုသာ
အာရုံစိုက်ကာနားထောင်နေသည်ကို တွေ့လိုက်ရသည်။
ထိုမှသာသက်ပြင်းချလိုက်ပြီး ငြိမ်ငြိမ်သက်သက်
ပြန်လည်ကာရပ်နေလိုက်တော့သည်။

My Wife Who Run AwayWhere stories live. Discover now