အခန်း ၈။ ဧကရာဇ်အားလုပ်ကြံရန် ကြံစည်။
Zawgyi
ရှောင်ရှင်းပိုင် ဆွဲခေါ်ရာနောက်သို့
ကို့ယို့ကားယားနိုင်စွာ လိုက်ပါလာရသူ
စစ်ယွင်သည် သူမလေး၏ လက်အားမနည်း
ဖြုတ်ချလိုက်ရသည်။ရလဒ်အားဖြင့်တော့ပေစောင်းစောင်း
အကြည့်ခံလိုက်ရပေသည်။ရှားစစ်ယွင်သည် သူမလေး၏အကြည့်ကို
ခံလိုက်ရပြီးနောက်တွင်ဘဲမူမမှန်မှုကို
ခံစားလိုက်ရသဖြင့် သူမအား ထောင့်တစ်နေရာသို့ဆွဲကပ်လိုက်သည်။ယခုသူတို့ရောက်နေသည့်နေရာသည်
ချောင်ကျသည့် နောက်ဖေးလမ်းကြားတစ်ခုထဲတွင်
ဖြစ်သည်။မီးရောင်များလည်းမရှိ
မှောင်မှိုင်းနေသည်။ လမ်းတောက်လျှောက် လှမ်း
ကြည့်လျှင် လမ်းမပေါ်ကြီးထက်က
မှိန်ပြပြမီးအလင်းရောင်ကိုသာ တွေ့ရမည်။ပြောရလျှင် ရှားစစ်ယွင်သည်ဤနေရာသို့
မည်သို့ရောက်လာမှန်းတောင်မသိပေ။
သေချာသည်ကတော့သူ့ရှေ့မှ ရှောင်သခင်မလေးသည်
သူ့အား ဆွဲခေါ်လာခြင်းပင်ဖြစ်သည်။"ဘာဖြစ်နေတာလဲ သခင်လေးရှား..''
"ရှူး....ဟိုဘက်ကိုကြည့်..''
စစ်ယွင်မေးငေါ့ပြလိုက်သည်။
သူမလှည့်ကြည့်လိုက်တော့
လူ၎ဦးသည်ရပ်နေသည်။ ရုတ်တရက်
လူသုံးဦးသည်ဒူးထောက်ထိုင်ချလိုက်သည်။ဒူးထောက်ထိုင်ချလိုက်သော လူသုံးဦးအနက်မှ
တစ်ဦးသည်သူမတွေ့ခဲ့သော လူပင်ဖြစ်သည်။
သူ၏ပါးတစ်ဖက်မှဓားဒဏ်ရာကြီးသည် တစ်ခါမြင်ရုံ
နှင့်မှတ်မိစေနိုင်သည်။သူမ ဘေးမှသခင်လေးအားဘာမှပြန်အထွန့်တက်
မနေတော့ဘဲတိတ်ဆိတ်စွာသာထိုအခြေအနေအား
စောင့်ကြည့်လိုက်သည်။သူသည်လည်း သူမနည်းတူ
ပင်ငြိမ်သက်စွာကြည့်လို့နေသည်။"ရှာတွေ့ခဲ့လား....''
မတ်တပ်ရပ်လျက်နေသောသူသည် ကျန်သုံးဦးအား
မေးလိုက်သည်။
သူ၏အမေးကြောင့်တစ်ဦးသည်ဖြေလိုက်သည်။"တောင်းပန်ပါတယ်..ကိုယ်ရံတော်ချောင်
ကြည့်ရတာ ဧကရာဇ်ကဒီနေရာမှာကျန်ခဲ့ပြီး
အနားယူတာတော့မဟုတ်ဘူးထင်တယ်။''
YOU ARE READING
My Wife Who Run Away
Historical Fictionထွက်ပြေးသွားတဲ့ချစ်ဇနီး(Own Creation) အပ်ကလေးတစ်ချောင်းဆူးမိပြီး ရှေးခေတ်ကိုရောက်သွားခဲ့သည်။ အင်ပါယာရေမြေ့အရှင် ဧကရာဇ်နှင့်လက်ထပ်ရန်ဖြစ်လာခဲ့သည်။ သူမထွက်ပြေးသွားခဲ့သည်။ By Dreammy_Park