အခန်း(၁၂)

2.3K 244 8
                                    

Zawgyi

အခန်း ၁၂။ရှောင်သခင်မလေး၏သဝန်တိုမှု

"ရှောင်ရှင်း....ကိုယ်တော့်ကို
မျက်နှာသာလေးပေးပါဦးကွာ....''

သနားစရာဧကရာဇ်သည် သူ၏ရင်နှစ်သည်းချာလေးအား လက်လျှော့အရှုံးပေးလျက်ပြောသည်။

ရှားစစ်ယွင်၏စကားကိုသာအပြင်ထွက်သွားသည့်
ရွှမ်မုကြားလျှင် သွေးတောင်အန်ချင်သွားလိမ့်မည်။

"တကယ်တော့လေ...''

သူမသည်ပြောသင့်မပြောသင့်ကို
စဉ်းစားချိန်ဆလျက်စကားစလိုက်သည်။

"ပြောလေ....ကိုယ်တော်နားထောင်ပေးမယ်။''

"အခုထိ ရှင်ကျွန်မကိုချစ်တယ်လို့မပြောရသေးဘူး။''

"............''

သူမလေး၏စကားကြောင့်ရှားစစ်ယွင်ခမျာ
ဘာပြောရမည်မှန်းမသိတော့။
သူမကတော့ မျက်ခုံးပင့်လျက်သာကြည့်သည်။

"တွေ့လား.....ရှင်ကျွန်မကိုကြတော့ အပိုင်သိမ်းပြီး
ချစ်တယ်လို့တောင်မပြောဖူးဘဲနဲ့။''

သူမ၏ချေပစကားကြောင့်ရှားစစ်ယွင်
တစ်ယောက်ပြာပြာသလဲလဲဖြစ်သွားသည်။

"မဟုတ်ဘူးလေ....ကိုယ်တော်ကရှောင်ရှင်းကို
ချစ်တယ်ဆိုတာရှောင်ရှင်းလည်း အသိဘဲကို...''

"မရပါဘူး။ပါးစပ်ကလည်းပြောမှရမယ်။''

သူမခပ်တင်းတင်းပြောလိုက်သည်။
သူမလွန်သည်ဟုတော့မထင်ပါ။ဘာလို့ဆို
သူမနဲ့သူနဲ့ကယူတောင်ထားပြီးပြီကို
ချစ်တယ်ဆိုတာတောင်မကြားရသေးဘူးလေ။
သူမလည်းသူမချစ်တဲ့သူက သူမကိုချစ်တယ်
လို့ပြောတာကိုတော့ကြားချင်သေးတာပေါ့။
ဒါမှလည်း စနှိုက်မတွေလက်ထဲကနေ သူမချစ်သူကို
ဒါငါ့ချစ်သူဆိုပြီး ရဲရဲရင့်ရင့်ကာကွယ်နိုင်မှာပေါ့။

(A:N/ချိမကသဝန်တွေတောင်တိုတတ်နေပြီ:''))

ပြောလို့ပြောတာမဟုတ်ဘူး။၂၁ရာစုစနှိုက်မတွေလို
ခုခေတ်စနှိုက်မတွေကလည်း အရှက်ရှိမှာကိုမဟုတ်ဘူး။
အဲ့တော့လည်း ကြိုတင်ဦးထားရမှာပေါ့။

"အင်း....ကိုယ်တော်ကကိုယ်တော့် ချစ်ဇနီးလေးကို
ချစ်တာပေါ့။ချစ်တယ်....ကိုယ်တော့်
အသက်ထက်တောင်ပိုပြီး ချစ်မြတ်နိုးသေးတယ်။
ဟုတ်ပြီလား...။''

My Wife Who Run AwayWhere stories live. Discover now