Zawgyi
အခန်း ၁၀။ဧကရာဇ်အားလက်ခံခြင်း။
အသံကြားလိုက်ရသည်နှင့်တစ်ပြိုင်နက်
ရှောင်ရှင်းပိုင်၏ခန္ဓာကိုယ်ကလေးသည်
တစ်မုဟုတ်ချင်းတုန်တက်သွားပေသည်။သူမဖြစ်သွားတာကို အကို၃သည်သတိထားမိသည်
ထင်သည်။သူမအားစိုးရိမ်တကြီးကြည့်လို့လာသည်။"မေ့-မေ့ အဆင်ပြေရဲ့လား...?''
ဟင့်အင်း။မပြေဘူး။လုံးဝကိုပြေမနေဘူး။
သို့သော်သူမပါးစပ်မှထွက်ကျလာသည်က
အခြားစကားလုံးများသာ။"ပြေပါတယ်။''
"ပြေရင်ကောင်းတယ်။အကိုတို့ သွားပြီးနှုတ်ဆက်ရအောင်...။''
အကို ၁သည် ဧကရာဇ်အားနှုတ်ဆက်ရန်
ထသည်။ထို့ကြောင့်သူမတို့လည်း ထကာ
ပွဲအခမ်းအနားထဲသို့ သွားရန်ပြင်ဆင်ရတော့သည်။သူမတို့ထအလာ တို့ခြံနောက်ဘက်မှ
ဓားချင်းယှဉ်ကာတိုက်ခိုက်နေသံများကို
ကြားလိုက်ရသည်။သူမတို့သည်ခြံအနောက်ဘက်ရှိ စည်းရိုးနားတွင်ရှိနေခြင်းကြောင့်ကြားရခြင်းဖြစ်သည်။
အသံကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အကို၁ရှောင်ဟွမ်သည် ဓားအိမ်မှဓားကိုဆွဲထုတ်ကာ
အပြင်ဘက်သို့ခုန်ထွက်သွားလေပြီ။"အခမ်းအနားရှိတဲ့ရက်တောင် ကောင်းကောင်းမနေရတော့ဘူးလား!!''
အကို၃သည်လည်း ယူကြုံးမရဖြစ်စွာအော်ဟစ်လိုက်ရင်းမှပင်
အကို၁နည်းတူအပြင်သို့ခုန်ထွက်သွားတော့သည်။"အင်း...မေ့-မေ့ အရင်သွားနှင့်လိုက်ပါလား။
ဦးရီးတော်ရဲ့မွေးနေ့ရက်ကြီးမှာ အခုလိုလာလုပ်ကြံတာက သိပ်တော့မကောင်းဘူး။
ဦးရီးတော်ကိုသွားရှာပြီး ပြောပြလိုက်ဦး။''အကို၂သည်လည်းသူမအားပြောပြီးသည်နှင့်
သူလည်းအပြင်သို့ခုန်ထွက်သွားတော့သည်။အာ..နေပါဦး။ သူတို့တွေအကုန်လုံးက
ငါလေးကိုထားသွားကြတာလား??လိုက်သွားရင်ကောင်းမလား?ဒါပေမယ့်ဒီခန္ဓာကိုယ်ပိုင်ရှင်ရဲ့ တိုက်ခိုက်ရေးတွေကို
အသားကျအောင်သေချာမလုပ်နိုင်သေးဘူး
ဆိုတော့ကာ မသွားတာဘဲကောင်းပါတယ်လေ။
YOU ARE READING
My Wife Who Run Away
Historical Fictionထွက်ပြေးသွားတဲ့ချစ်ဇနီး(Own Creation) အပ်ကလေးတစ်ချောင်းဆူးမိပြီး ရှေးခေတ်ကိုရောက်သွားခဲ့သည်။ အင်ပါယာရေမြေ့အရှင် ဧကရာဇ်နှင့်လက်ထပ်ရန်ဖြစ်လာခဲ့သည်။ သူမထွက်ပြေးသွားခဲ့သည်။ By Dreammy_Park