အခန်း ၅။ ငါ့ကိုကူညီပါ။
Zawgyi
တစ်လကြာပြီးနောက်......။
နွေရာသီ မနက်ခင်းရဲ့သဘာဝ နေမင်းကြီးက
အရှေ့ဘက်တည့်တည့်ကနေ
ထွက်ပြူစပြုလို့လာသည်။ချောင်ရှားပြည်နယ်တောဘက်အစွန်ကျသည့်
အိမ်တော်ကြီးတစ်အိမ်ထဲတွင် မိန်းကလေးတစ်ဦး
နှင့်ယောကျာ်းလေးတစ်ဦးသည်လည်း
မနက်ခင်းဆည်းလည်းသံများအလား
ဆူညံစွာငြင်းခုန်နေကြသည်။ရှောင်ရှင်းပိုင်သူမ၏ လက်တွင်ကိုင်ထားသည့်
လေးနှင့်မြှားကိုသူမ၏ အကိုဖြစ်သူဘက်သို့
လှည့်ကာချိန်လိုက်သည်။သူမ၏လုပ်ရပ်ကြောင့်သူမအကို၃ ရှောင်ရိဟန်
သည်မျက်လုံးပြူးသွားလေသည်။"မေ့-မေ့ မနေ့ညကမှပြန်လာတဲ့အကို့ကို အဲ့လိုလုပ်ရလားဟင်?''
"ဒါဆိုလည်းအကို၃က လာပြိုင်ငြင်းမနေနဲ့လေ..''
သွေးအေးစွာဖြင့်ပြောသော ညီမဖြစ်သူကြောင့်
ရိဟန်ခမျာ ဟိုဘက်ပြေးရမလို၊ဒီဘက်ပြေးရမလိုနှင့်
ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။"ကောင်းပြီ ကောင်းပြီ အကိုမှားသွားတာ။
ဒါတွေကမြက်ပင်တွေမဟုတ်ဘူး၊၊ဆေးဖက်ဝင်အပင်
တွေ..''ရိဟန် လက်လျှော့လိုက်ရဟန်ဖြင့်ညီမဖြစ်သူကို
ပြောလိုက်သည်။ထိုအခုမှသာ သူ့အားချိန်ထားသည့်
လေးနှင့်မြှားကိုအသာလျှောချသွားသည်။"အကို ၃..မနေ့ညကမှပြန်ရောက်တာဆိုတော့
မေ့-မေ့ အစောကြီးအိပ်ရာဝင်သွားလို့မမေးလိုက်ရဘူး''"အင်း။မေးလေ''
"အကို၃ ပြန်တော့မြို့တော်မှာ
ဘယ်လိုအခြေအနေရှိလဲ?''သူမမေးလိုက်သည်နှင့်အချိန်ကိုက်ပင် အကို၂
ရှီရန်သည်လည်း ထွက်လာကာသူမတို့နဘေးသို့
ရောက်လာသည်။"အခြေအနေတွေက မဆိုးပါဘူး။မေ့-မေ့ ပျောက်နေတဲ့
ကိစ္စကို ဧကရာဇ်ကသိသွားပေမယ့် ဒေါသမထွက်ဘူးတဲ့။ ဧကရာဇ်က မေ့-မေ့ ပျောက်သွားတယ်ဆိုတဲ့ သတင်းကြားပြီး
နှစ်ရက်အကြာမှာနယ်စပ်ကိုစစ်ထွက်သွားတယ်။
အဖေနဲ့အမေနဲ့ကိုတော့ အကိုပြောပြထားလိုက်တယ်။
သူတို့လည်း မေ့-မေ့ အဆင်ပြေတယ်ဆိုတဲ့သတင်းကြားမှစိတ်ချနိုင်
မှာလေ။''
![](https://img.wattpad.com/cover/192465476-288-k127381.jpg)
YOU ARE READING
My Wife Who Run Away
Historical Fictionထွက်ပြေးသွားတဲ့ချစ်ဇနီး(Own Creation) အပ်ကလေးတစ်ချောင်းဆူးမိပြီး ရှေးခေတ်ကိုရောက်သွားခဲ့သည်။ အင်ပါယာရေမြေ့အရှင် ဧကရာဇ်နှင့်လက်ထပ်ရန်ဖြစ်လာခဲ့သည်။ သူမထွက်ပြေးသွားခဲ့သည်။ By Dreammy_Park