အခန်း(၄)

3.9K 428 16
                                    

အခန်း ၄။ထွက်ပြေးခြင်း။

Zawgyi

သူမထိတ်လန့်ဖွယ်အတွေးတွေကို
ိုပြန်ရုတ်သိမ်းလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် သူမသည်
သူတို့ကိုယ်တိုင်ကိုသူမက ရှောင်ရှင်းပိုင်မဟုတ်ပါဘူး
လို့ပြောလျှင်တောင်စနေသည်ဟုပင်ထင်ကြလိမ့်မည်။

သူမရင်ဘတ်ကိုအသာဖိကာ သက်ပြင်းခပ်ဖွဖွချလိုက်ရသည်။

"မေ့-မေ့ ဘာဖြစ်လို့လဲ...?''

"ဟင်..ဘာမှမဖြစ်ပါဘူး''

အကို၂ကမေးလာသည်မို့
ကမန်းကတန်းဖြေလိုက်ရသေးသည်။

"ညီမလေး..မင်း...ဟင်း....ဧကရာဇ်နဲ့လက်ထပ်ရမယ်။''

အကို၁ရဲ့စကားအဆုံးတွင် ရှောင်ရှင်းပိုင် သူမ၏
ငယ်ထိပ်တည့်တည့်သို့မိုးကြိုးဆယ်စင်းလောက်
ပစ်ချလိုက်သလိုပင်ခံစားလိုက်ရသည်။

ဧကရာဇ်...!ဘုရင်...!
လာနောက်နေတာလားနော်။ဒီကိစ္စကတကယ်ကို
မနောက်ကောင်းတာကြီး..။နေရင်းထိုင်ရင်းရှေးခေတ်ရောက်လာပြီး ယောက်ျားတောင်ရတော့မယ် အမေရေ...!

သူမ လက်ရှိတွင်အော်ဟစ်ငိုယိုကာမျက်ရည်များပင်
လှိမ့်ပိန့်ထွက်ပြလိုက်ချင်သည်။သို့သော်လည်း
ကံကြမ္မာကမျက်နှာသာမပေးသည့်အလားဘာဆိုဘာမျှ
ထွက်မလာချေ။

ထို့ကြောင့်မတတ်သာသည့်အဆုံးသူမ ခုံပေါ်တွင်အသာထိုင်ချလိုက်သည်။

"ဘယ်နေ့လဲ?အကို၁''

"နောက်၁ပတ်နေရင် ညီမလေး...''

သူမအကို၁ရဲ့အဖြေကိုကြားပြီးနောက်
နှုတ်ခမ်းကော့နေအောင်ပြုံးလိုက်သည်။

ဧကရာဇ်နဲ့ နောက်တစ်ပတ်နေရင်လက်ထပ်ရမယ်။
သူမလုံးဝ(လုံးဝ)မလုပ်နိုင်ပေ။
သူမအတွက်ထိုတစ်ပတ်အတွင်း လုပ်စရာရှိသည်များကို
အဆင်ပြေစွာလုပ်နိုင်သည်။

သူမရဲ့လုပ်စရာဆိုသည်က
သေချာတာပေါ့။ ထွက်ပြေးတာ...။

ဒီလိုခေတ်မျိုးတွင်ဧကရာဇ်နှင့်လက်ထပ်ရမည်
ဆိုပါက ဘယ်လိုမှထွက်ပြေးမလွတ်မြောက်နိုင်ပေ။
သို့ သော်သူမကတော့ ထွက်ပြေးမည်။

My Wife Who Run AwayWhere stories live. Discover now